အပိုင်း [၂၆]

2.8K 213 17
                                    

မျက်စိရှေ့မှ အိမ်တိုင်လုံးတွေသာကျန်တော့သည့်
အိမ်ကိုကြည့်ကာ အမယ်အိုကရှိုက်ကာငိုသည်။
ဒီလိုအိမ်လေးနဲ့နေနိုင်ဖို့ သွားလေရှာပြီဖြစ်တဲ့
သူမယောက်ျားဘယ်လောက်တောင် ကုန်းရုန်းရှာခဲ့ရသလဲ။
ရွာထဲမှာ မြေကွက်ဝယ်ပြီးနေနိုင်တဲ့ဘဝရောက်နေပေမဲ့
သူမယောက်ျားအမွေပေးထားခဲ့တဲ့အိမ်လေးကို
မခွဲခွာနိုင်လို့ ရွာပြင်မှာပဲပေကပ်ပြီးနေခဲ့တာ။
ခုတော့ ပြာတွေအဖြစ်သာကျန်ရှိတော့သည်။

''မငိုပါနဲ့တော့ အမေရယ်"

ရွှင်လန်းက သူမမိခင်ကိုထွေးပွေ့ကာ
နှစ်သိမ့်ပေးသည်။သူမကိုယ်တိုင်လည်း
မျက်ရည်မစဲပါဘဲလေ။
ရွာသားတွေကမီးငြိမ်းပေးပြီး ပြန်သည့်လူတွေက
ပြန်သွားကြပေပြီ။

ရောင်နီကလည်း ပျော်ရွှင့်ကိုပွေ့ချီကာ
ကုက္ကိုကုန်းဆေးခန်းပို့ဖို့ရာ ခေါ်သွားလေပြီ။
ဆုမြတ်သွယ်ကလည်း ကြည်နူးကိုခေါ်ကာ
အဖော်လိုက်သွား၏။
ခုချိန်မှာချမ်းမြေ့ကလည်း ဆေးခန်းမှာဖြစ်၍
သူမတို့မှာ အားကိုးရာမဲ့နေရသည်။
တော်သေးသည်က ညီမလေးကသူမှီရာမှန်သမျှ
ဆွဲယူနိုင်ခဲ့လို့သာ။

''ချမ်းမြေ့က အဖေဆောက်ပေးခဲ့တဲ့အိမ်လိုမျိုး
တစ်နေရာမှမလွဲအောင် ပြန်ဆောက်ပေးပါလိမ့်မယ်၊
တိတ်ပါတော့ အမေရယ်"

နောက်ဆုံးတော့ အမယ်အိုက
ဆေးခန်းရောက်နေတဲ့ သားနဲ့သမီးအတွက်
အားပြန်တင်းကာ မျက်ရည်တွေကိုဆွဲသုတ်သည်။
နောက်ပြီး ရွှင်လန်းမျက်နှာမှမျက်ရည်စတွေကို
တယုတယသုတ်ပေးကာ ပွေ့ဖက်လေသည်။

သူမကိုယ်တိုင်က ပြိုလဲနေလို့မဖြစ်....
သူမသားသမီးတွေအတွက် အားတင်းထားရဦးမည်။

.........................................

မေးကြောကြီးတွေ တင်းနေအောင်
အံကြိတ်ထားတဲ့ချမ်းမြေ့က ကုတင်ထက်မှ
အိပ်ဆေးအရှိန်ကြောင့် အိပ်မောကျနေတဲ့
ပျော်ရွှင့်ခြေထောက်ကိုကြည့်ကာ ကျိတ်မနိုင်ခဲမရဖြစ်လေဟန်။
ရှင်းမြတ်က လက်သီးဆုပ်ထားတဲ့ချမ်းမြေ့လက်ကို
ဖွဖွဆုပ်ကိုင်ကာ နှစ်သိမ့်ပေးမိသည်။

''ကျေးဇူးတင်ပါတယ်"

ချမ်းမြေ့က ကုတင်တစ်ဖက်ခြမ်းမှာထိုင်နေတဲ့
ရောင်နီ့ကိုဦးညွှတ်ကာဆိုလေသည်။
ရောင်နီရဲ့လက်ဖဝါးနှင့်ခြေထောက်မှာလည်း
မီးလောင်ရာတွေအပြည့်မို့ စမြင်ကာစက
ရှင်းမြတ်အရမ်းလန့်သွားမိတာ။
ဆုမြတ်သွယ်ကတော့ လူနာစောင့်ကုတင်ပေါ်မှာ
ကြည်နူးကိုချော့သိပ်နေသည်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now