အပိုင်း[၄]

3K 234 1
                                    

အိမ်မှာလူမရှိတုန်း အိပ်ခန်းထဲဝင်ကာ
လက်ထဲကစာရွက်လေးကို ဖတ်ကြည့်တော့
မသေမသပ်လက်ရေးတွေနဲ့သီကုံးထားတဲ့စာတစ်စောင်...
တစ်နည်းအားဖြင့် ပျော်ရွှင်လက်ခံရရှိခဲ့တဲ့ရည်းစားစာ

စာထဲရေးထားတဲ့အကြောင်းအရာတွေက
ပိုပိုလိုလိုတွေရေးထားသည်မှန်သော်လည်း
ပျော်ရွှင့်မျက်နှာမှာတော့ ကြည်နူးရိပ်ပြေးလျက်...
အပိုတွေရေးထားသည်မှန်းသိသည့်တိုင်
သဘောကျစိတ်တွေ ဖုံးဖိမရ...

''သိပ်တတ်သည့် ကောင်လေး၊
သူ့ကိုယ်သူသုံးနှုန်းတာက 'မောင်'တဲ့လား၊
ဘယ်ဝတ္ထုစာအုပ်ထဲက ခိုးချလာလဲမသိဘူး"

အပြစ်ပြောလိုဟန်ပြုသော်လည်း
နည်းနည်းလေးမှအပြစ်တင်ဟန်မပြ။
အင်တာနက်တွေတွင်တွင်ကျယ်ပြန့်နေသည့်ခေတ်မှာ
ရည်းစားစာရေးပြီးပေးကတည်းက
ပျော်ရွှင့်စိတ်ထဲ တစ်ဖက်မှကောင်လေးကို
အမှတ်ပိုပေးနေမိပြီ။

ပြီးနောက် စာရွက်လေးကိုတယုတယပြန်ခေါက်ကာ
ခေါင်အုံးဖုံးထဲဝှက်ထားလိုက်၏။

ဒီလိုဆို အမေမမြင်လောက်ဘူးထင်

ကြည်နူးနေရာမှ ကိုယ့်ဖြစ်တည်မှုကိုပြန်တွေးမိတော့
ခုနကြည်လင်နေတဲ့စိတ်အစဥ်က ညစ်ညူးသွားရသည်။
သူကအများရှုံ့ချချင်တဲ့ မိန်းမလျာတစ်ယောက်လေ။

ကောင်လေးက သူ့ကိုတကယ်မေတ္တာရှိတာရောဟုတ်ရဲ့လား
သူကြုံဖူးတဲ့ယောက်ျားတွေလို လက်တည့်စမ်းချင်နေတာများဖြစ်လေမလား....
အို....မဖြစ်နိုင်ပါဘူး...သူပဲအတွေးလွန်နေမိတာဖြစ်မှာပါ...

စိတ်ညစ်ညူးစေမယ့်အတွေးကို ခေါင်းထဲမှအမြန်ထုတ်လိုက်ရသည်။
ခေါင်းရှင်းရှင်းထားတာ အကောင်းဆုံးပဲမဟုတ်လား။

''အမေ...အမေ့..မမ...အစ်မ"

အိမ်အောက်မှ ချမ်းမြေ့အသံကြားတော့
ပျော်ရွှင့်ကိုယ်လေးက လှုပ်လှုပ်ရှားရှား​ဖြစ်သွား၏။
သူခိုးလူမိသွားသလို ကြောင်တောင်တောင်လေးနှင့်။

''အမေ...အမေ့"

ချမ်းမြေ့အသံဒီထက်ပိုကျယ်မလာခင်
အခန်းထဲမှအမြန်ထွက်ကာ ထူးသံပြန်ပေးရသည်။
မဟုတ်ရင် ဘယ်အချိန်ထိတောင်အော်နေလိုက်မလဲမသိ။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Kde žijí příběhy. Začni objevovat