Extra 7

2.8K 150 8
                                    

''ဘာပြောလိုက်တယ် အစ်မ"

ချမ်းမြေ့အပြင် မိသားစုဝင်တွေအားလုံး
အံ့သြမှုကြောင့်မျက်လုံးပြူးလျက်။
အကြောင်းရင်းက ပျော်ရွှင်အရဲစွန့်ကာပြောမိသည့်
စကားတစ်ခွန်းကြောင့်သာပင်။

မိခင်နဲ့အစ်မဖြစ်သူရဲ့ ဆွံ့အမှူအပြင်စူးစူးရဲရဲကြည့်နေသည့်
မောင်ဖြစ်သူကြောင့်ရှက်ရွံ့စွာ ပျော်ရွှင်ခေါင်းငုံ့မိသည်။
ထိုအချင်းအရာကိုမြင်တော့ ရောင်နီကပျော်ရွှင့်ပေါင်ပေါ်မှ
လက်သွယ်သွယ်ကိုဆွဲယူကာ အားပေးဟန်ဆုပ်ညှစ်လာ၏။

''ပျော်ရွှင့်ကိုလက်ထပ်ခွင့်ပေးပါ အမေ"

''အစ်မကရော"

ချမ်းမြေ့လက်မောင်းကိုဆုပ်ကိုင်ကာ
ခေါင်းခါယမ်းပြနေသည့်ရှင်းမြတ်ကြောင့်
လေသံလျော့ကာပြောရ၏။မသိနားမလည်သည့်
ကြည်နူးကတော့ လူကြီးတွေစကားဝိုင်းမှထွက်ကာ
သူ့အရုပ်တွေနဲ့သူငြိမ်ငြိမ်သက်သက်ကလေး
သွားဆော့နေလေသည်။

''ဘယ်အချိန်ကတည်းကလဲ"

''ချစ်သူဖြစ်တာတော့ မနေ့ညနေကပါအမေ၊
ကျွန်တော်တို့အသက်အရွယ်က အချိန်ဆွဲဖို့မကောင်းတော့လို့
ကျောင်းပြန်မဖွင့်ခင်လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါအမေ"

ရောင်နီထွန်း၏ရိုရိုသေသေစကားသံအဆုံး
အမယ်အိုဟာ သက်ပြင်းခပ်ဖွဖွချကာပြုံးလေသည်။
ရောင်နီထွန်းဘက်မှ မိမိသမီးအပေါ်ချစ်မြတ်နိုးနေသည်ကို
အမယ်အိုကရိပ်မိပေမယ့် သမီးဖြစ်သူကပါထပ်တူ
ချစ်ကျွမ်းဝင်နေလိမ့်မည်ဟုမထင်ထားခဲ့ရိုးအမှန်။
သူမအနေနဲ့ နှစ်ယောက်သားရဲ့သဘောဆန္ဒကို
ငြင်းဆိုဖို့စိတ်ကူးမရှိ။ရောင်နီထွန်းက သူမသမီးကို
တစ်သက်တာလုံးကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုတာ
သူမစိတ်ကသိနေ၏။

နှစ်ယောက်သားပြေလည်သွားဖို့ကို
အရင်ကတည်းကမျှော်လင့်နေသည့် ရွှင်လန်းက
ခပ်ပြုံးပြုံးသာကြည့်နေပေသည်။ပြုံးပျော်နေသူတွေကြား
စူပုတ်နေသည်က ချမ်းမြေ့တစ်ယောက်သာလျှင်။

''ကျွန်တော်သဘောမတူနိုင်ဘူး"

'' သားငယ် ဘယ်လိုပြောလိုက်တာလဲ"

You've reached the end of published parts.

⏰ Last updated: Sep 20, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now