အပိုင်း [၂၁]

2.8K 225 19
                                    

Unicode

ရောင်နီထွန်းဘဝမှာ မိန်းမလှလေးတွေကို
လက်ချိုးရေတွက်လို့မရအောင် တွ့ဖူးတယ်။
အနုပညာဆန်တဲ့မိန်းမလှလေးတွေ၊
ဂန္နဝင်လက်ရာမြောက်တဲ့အချောအလှလေးတွေ၊
ရင်သပ်ရှုမောစရာကောင်းလောက်အောင်
အလှပဂေးလေးတွေအပြင် အရိုင်းဆန်လှတဲ့
မိန်းမလှလေးတွေအများကြီးနဲ့ ဆုံတွေ့ဖူးတယ်။
တစ်ယောက်ကမှ ရောင်နီ့နှလုံးခုန်သံတွေ
မြန်ဆန်လာအောင် မစွမ်းဆောင်နိုင်ဘူး။

ကျောက်တုံးနှလုံးသားပိုင်ရှင်လို့တောင်
တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ
နှလုံးသားရေးမှာ အေးစက်ခဲ့တာ။
ခုတော့ မိနစ်ပြည့်အောင်ပင်မတွေ့လိုက်ရတဲ့
မျက်နှာလေးကြောင့် ရောင်နီ့နှလုံးသားက
အခုန်မြန်လာတယ်တဲ့လေ။
ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။

အလိုမကျလို့ ခပ်စူစူလေးဖြစ်လာသောနှုတ်ခမ်းပါး၊
အအေးဒဏ်ကြောင့် ခပ်ရဲရဲဖြစ်နေသောမျက်နှာ၊
တစ်ပတ်လျှိုဆံထုံးမှလျှောကျနေသော
ဆံနွယ်ရှည်တွေကို ရှေ့သို့ချထားသည့်ပုံရိပ်ကလေးကို
မနက်ကတည်းက မျက်စိထဲကထုတ်လို့မရသည်မှာ
ယခုညအချိန်အထိ။

တစ်နေကုန် ရယ်ပြုံးနေလို့
ရှင်းမြတ်ကတောင် သူ့ကိုဘာဖြစ်နေတာလဲဟုပင်
အထူးအဆန်းကြည့်ကာ မေးသည်။
မရိပ်မိအောင် သူ့မှာနဂိုပြုံးချင်နေတဲ့မျက်နှာကို
ခပ်တည်တည်လုပ်ကာ ခေါင်းခါယမ်းခဲ့ရသေးတာ။
ဒါတောင် မယုံသင်္ကါလုပ်နေသေးလို့
အတန်းဝင်ချိန်ရောက်ပြီဆိုပြီး ရှောင်ပြေးခဲ့ရ၏။

ဘာပဲဖြစ်ဖြစ် ရှေ့လျောက်တော့
ရှင်းမြတ်ကိုဒီထက်ပိုပြီး ရောင်နီကောင်းကောင်း
မွန်မွန်ဆက်ဆံတော့မည်။

မရီးကိုလိုချင်ရင် မတ်ကိုတည့်အောင်
ပေါင်းရမည်မဟုတ်လားလေ။

............................

ဒီနေ့ကကျောင်းပိတ်ရက်။
ဆိုတော့ ကြည်နူးနဲ့ရှင်းမြတ်ရဲ့အားလပ်ရက်။
နွားလှန်သွားသည့်ချမ်းမြေ့နောက်ကို
ရှင်းမြတ်က ဘွတ်ဖိနပ်စီးရင်းနောက်က
တစ်ကောက်ကောက်လိုက်သည်။
စီးလေ့စီးထမရှိတော့ ဘွတ်ဖိနပ်ကြီးနဲ့
ခြေလှမ်းလှမ်းရတာ ရှင်းမြတ်အတွက်တော့
တစ်ကမ္ဘာလုံးကိုထမ်းပိုးထားရသလို လေးလံ၏။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now