အပိုင်း [၂၃]

2.8K 225 13
                                    

Unicode

''မရဘူး လိုက်မှာပါဆို"

''မဆိုးနဲ့ဗျာ၊အပျော်သွားတာမဟုတ်ပါဘူးဆို"

ချမ်းမြေ့စကားကြောင့်
ရှင်းမြတ်က သူ့အသက်အရွယ်နဲ့မှမလိုက်
နှုတ်ခမ်းစူကာ စိတ်ကောက်ဟန်ပြုသည်။
နှစ်ယောက်သား ခံစားချက်တွေဖွင့်ဟဝန်ခံ
ပြီးတဲ့နေ့ကတည်းက ရှင်းမြတ်ကချမ်းမြေ့အပေါ်
အရမ်းဂျီကျလာ၏။
ငယ်ငယ်တုန်းက ချမ်းမြေ့ရင်းနှီးခဲ့သည့်
အကျင့်စရိုက်တွေနှင့်မတူတော့ဘဲ တစ်မူခွဲထွက်သွားသည်။
အမှန်တကယ် ချမ်းမြေ့ကပဲ
ရှင်းမြတ်အပေါ်ဂျီကျရမည်မဟုတ်ပါလား။
ဘာလို့ဆို ချမ်းမြေ့ကရှင်းမြတ်ထက်ငယ်တယ်လေ။
ဘာပဲဖြစ်ဖြစ် ချစ်ရသူဆိုတဲ့အသိကြောင့်
ချမ်းမြေ့ကတော့ ရှင်းမြတ်ဆိုးနေတာကိုပဲ
သဘောတကျရှိသည်။

''ကိုယ်ကရော အပျော်လိုက်မှာမို့လား"

ဂျစ်သည်၊ရစ်သည်။
ရှင်းမြတ်ဒီပါက အရမ်းဆိုးလာပါသည်။

အခုဆို ခရမ်းချဥ်သီးတွေက ပြွတ်ခဲနေအောင်သီးကာ
တစ်ချို့ဆို အနီတွေပါသန်းနေလေပြီ။
ချမ်းမြေ့တို့မိသားစုက စားသုံးဖို့ရန်သင့်နေပြီဖြစ်တဲ့
ခရမ်းချဥ်သီးတွေကိုဆွတ်ကာ ရောင်းဖို့ပြင်ရသည်။
ရွာတွင်းမှာလည်း ရောင်းလို့ရပေမဲ့
စျေးနှိမ်ကြသည်ဖြစ်ရာ စျေးကောင်းရသည့်
ကျောက်တန်းသို့ သွားတင်မလို့ကို
ရှင်းမြတ်က လိုက်ချင်ပါတယ်တကဲကဲ။

''ကိုယ့်ကိုဆိုင်ကယ်ပေါ်တင်ခေါ်သွားယုံပဲလေ၊
မင်းထမ်းပိုးသွားရမှာလည်းမဟုတ်ဘဲနဲ့"

''ကိုကို...ခင်ဗျားမရစ်နဲ့ဗျာ"

''ကိုယ် ဘယ်မှာရစ်နေလို့လဲ"

ခိုင်တဲ့ဝါးလုံးကို ဆိုင်ကယ်နောက်မြှီးမှာတင်ကာ
တစ်ဖက်တစ်ချက်စီမှာခရမ်းချဥ်သီးခြင်းချိတ်မှာမို့
လိုက်လို့ရသည်။ဒါကို ချမ်းမြေ့က
ရှင်းမြတ်ကို ဘာလို့မခေါ်ချင်မှန်းမသိ။

ချမ်းမြေ့မှာလည်း ခရီးဝေးသည့်အပြင်
နေကလည်းပြင်းလှ၍ ရှင်းမြတ်ကိုမခေါ်ချင်။
နေပူလောင်တာက ချမ်းမြေ့အတွက်မဆန်းတော့။
ဆိုပေသည့် ရှင်းမြတ်ကတော့ချမ်းမြေ့နဲ့မတူ။
အမြဲအရိပ်ရသည့်နေရာမှာပဲ နေခဲ့ရသည်မဟုတ်လား။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now