အပိုင်း [၁၁]

2.5K 216 27
                                    


ဒေါသအရှိန်ကြောင့် ချမ်းမြေ့ခြေလှမ်းတွေကခပ်မြန်မြန်။
လက်ထဲကထင်းချောင်းရှည်ကို ခပ်တင်းတင်းဆုပ်ကိုင်
ထားလို့ သူ့လက်ဖဝါးမှာချွေးစေးတွေ
စီးကပ်နေလေပြီ။
အင်္ကျီလက်ကိုပင့်တင်ကာ မေးကြောကြီးတွေ
တင်းနေအောင်အံကြိတ်ထားတာမို့ ခုချမ်းမြေ့ပုံစံက
ကြောက်စရာကောင်းတဲ့လူကြမ်းကြီးလိုပင်။

ခွင့်မလွှတ်ဘူး...လုံးဝခွင့်မလွှတ်နိုင်ဘူး..

.........................

''အမေနဲ့တော့ခက်တယ်ဗျာ"

အိမ်ထိရောက်အောင် မနည်းဆွဲခေါ်လာရလို့
လင်းထက်ဒီပါကစိတ်ပျက်ဟန်ဖြင့်စကားဆိုသည်။
ဒေါ်မြတ်ဌေးက လင်းထက်လက်တွေကြားထဲမှရုန်းထွက်ကာ

''ငါအရင်ကတည်းက မပြောဘူးလား၊
အခြောက်ကိုချွေးမ မတော်နိုင်ဘူးဆိုတာ၊
ငါ့စကားကို နားမထောင်တာဘယ်သူလဲ၊
ဟမ် ပြောစမ်းလင်းထက်ဒီပါ"

''အမေ့ကြောင့် ကျွန်တော့်အစီအစဥ်တွေပျက်ကုန်ပြီဗျ၊
အမေဘာသိလို့လဲ"

''ငါ့ကိုအဲ့လေသံနဲ့ပြန်မပြောနဲ့ လင်းထက်ဒီပါ၊
နင့်ကိုငါမွေးထားတာ ၊နင်အဲ့အခြောက်မကို
ငါ့အိမ်ခေါ်လာတဲ့အထိ ငါထိုင်ကြည့်နေရမှာလား"

''ဘာတွေဖြစ်လာတာလဲ အမေ"

ညီငယ်နဲ့အမေဖြစ်သူရဲ့အခြေအတင်စကားသံတွေကြောင့်
ရှင်းမြတ်ဒီပါ အိမ်ပေါ်မှဆင်းလာကာကြည့်တော့
မြင်ရခဲတဲ့အမေ့ရဲ့ဒေါသမျက်နှာ။
ညီငယ်ကတော့ စိတ်ပျက်ဟန်ခေါင်းတဗြင်းဗြင်းကုတ်လို့ပင်။
တော်သေးသည်က အဖေဒီနေ့မြို့ကပွဲရုံတက်သွားလို့သာ။

''ဘာဖြစ်ရမှာလဲ မင်းရဲ့ညီလေ၊
ဟိုအိမ်ကအခြောက်ကို လူကြားထဲလက်တဆွဲဆွဲလုပ်နေတာ၊
ဒင်းတို့မို့ မရှက်မကြောက်ပြုမူရဲပေမဲ့
ငါရှက်တယ်ဟဲ့"

ပြောဆိုရင်းပင် ဒေါ်မြတ်ဌေးအသံက
တစ်ရွာလုံးကြားရလောက်အောင်ထိ အော်ပြောလာသည်။
မင်္ဂလာအိမ်က သီချင်းသံကြောင့်မို့သာမကြားရော့ထင်၊
မဟုတ်လို့ကတော့ တစ်ရွာလုံးသို့လောသို့လော
စပ်စုကြမည့်ဖြစ်ခြင်း။ခုတောင် အိမ်နီးချင်းတွေက
နားစွင့်နေကြမည်မှာအသေအချာ။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now