အပိုင်း[၃]

3.4K 253 1
                                    

''ကလေးလေး အိမ်မပြန်ဘူးလား၊
ဘာထိုင်လုပ်နေတာလဲ"

'လျှော်ဖြူကုန်းရွာ အလယ်တန်းကျောင်း'ဆိုတဲ့ဆိုင်းဘုတ်
အောက်ငုတ်တုတ်ထိုင်နေရင်း ကြားလိုက်ရတဲ့
ကြည်လင်လွန်းတဲ့အသံချိုလေး။
ဒီလိုအသံချိုချိုလေးကို အမေကလွဲရင်
သူစိမ်းတစ်ယောက်ဆီကပထမဆုံး ချမ်းမြေ့ကြားဖူးတာပင်။
အသံကြားရာ သူမော့ကြည့်လိုက်တော့
အနောက်အရပ်မှနေရောင်ထိုးသဖြင့် အမြန်မျက်လွှာချလိုက်ရသည်။

''နေစူးသွားတာလား ကလေးလေး"

တစ်ဖက်မှလူက ချမ်းမြေ့မျက်နှာနေမစူးအောင်
နေရာပြောင်းရပ်လိုက်သည်။
နေရှိရာအရပ်ကို ကိုယ်လုံးသေးလေးကွယ်လိုက်သဖြင့်
ချမ်းမြေ့ သူ့အထက်မှလူကိုမော့ကြည့်လိုက်သည်။
နဖူးပေါ်သို့ဖွာကျနေသောဆံပင်တွေက
ရှုပ်ပွနေသော်လည်း ပါးမို့တက်နေအောင်ပြုံးနေတဲ့
သူကို အသက်၄နှစ်အရွယ်ချမ်းမြေ့မျက်လုံးထဲ
အတော်လေးချောတယ်ဟုမှတ်ယူမိသည်။
တော်ယုံစကားပြောခဲတဲ့ ချမ်းမြေ့အကျင့်ကြောင့်
ပြန်စကားမပြောဘဲ မျက်စိရှေ့မှသဲပြင်သို့သာ
လက်ညိုးလေးနဲ့ဟိုခြစ်ဒီခြစ်လုပ်နေလိုက်သည်။

မူကြိုမှာတစ်နေ့လုံးမျောက်ရှုံးအောင်ဆော့ထားသဖြင့်
ချမ်းမြေ့ရဲ့မျက်နှာလေးက အနည်းငယ်ပေတူးနေ၏။
ကျောင်းလာတုန်းကဆောင်းခဲ့တဲ့ဦးထုပ်ဝါလေးကလည်း
ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း သူမသိ။
ဦးထုပ်ပျောက်သွားလို့အမေဆူတာကိုစိတ်ပူရမဲ့အစား
ဘေးမှလူကြောင့် ချမ်းမြေ့စိတ်ထဲတထင့်ထင့်။
အနီးနားမှလူထံဆီက ဘာသံမှထပ်ထွက်မလာသဖြင့်
ထွက်သွားပြီအထင်နှင့်ချမ်းမြေ့ မော့ကြည့်လိုက်တော့
တစ်ဖက်မှလူက သူ့ကိုသွားတန်းဖြူဖြူတွေပေါ်အောင်
ပြုံးရယ်ပြနေသည်။

''ဒီနားလေးကနေပူတယ်...လာ
ဟိုနားသွားရအောင်"

ပြောပြောဆိုဆို ကျောင်းရဲ့အရှေ့အိမ်ထောင့်မှတမာပင်
ဆီသို့ သူ့ခန္ဓာကိုယ်လေးကိုဇိုးဇိုးဇတ်ဇတ်ပွေ့ချီသွားတဲ့
သူစိမ်းကို ချမ်းမြေ့ပြန်ပြောချိန်ပင်မရလိုက်။
မြင်တာပေါ့...ခုနကတည်းက ဒီသစ်ပင်ကြီးကိုသူမြင်တာပေါ့
ဆိုပေမယ့် ဒီသစ်ပင်ကိုပိုင်တဲ့အိမ်ရှင်က
ချမ်းမြေ့ကိုအရိပ်ခိုစေချင်သလား ချမ်းမြေ့မှမသိတာ...

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now