ဇာတ်သိမ်းပိုင်း

5.6K 245 8
                                    

''အိုက်ယားးးးးမနက်ဖြန်ဆိုကျောင်းပိတ်ပြီ
ပျင်းစရာကြီး"

အကြောဆန့်ကာ ပျင်းရိပျင်းတွဲပြောလာတဲ့
ဆုမြတ်သွယ်ကနွေရာသီကျောင်း (၃)လပိတ်တာကို
မလိုလားဟန်။ရောင်နီနဲ့ရှင်းမြတ်က
သူမကိုကြည့်ကာ ရယ်နေတာကိုလည်း
ပြန်ပြီးရန်မတွေ့နိုင်တော့။အမှန်တကယ်လည်း
ကျောင်းမပိတ်ချင်သေးဘူး။

ဆောင်းရာသီအကုန် နွေဦးရောက်လာပြီမို့
ပတ်ဝန်းကျင်တခွင်ကသစ်ပင်တွေဆို
ရိုးတံပဲကျန်တော့တယ်။သစ်ရွက်လေးတွေ
မြေပေါ်ကျဆင်းတာမြင်ရင် မရှိတဲ့ရည်းစားကို
ပြေးပြေးလွမ်းရတာအမော။အို....အလွမ်းသီချင်းများ
ဖွင့်သံကြားရရင် ပြောမနေနဲ့တော့။

''ကိုရောင်နီက မြို့ပြန်မှာလား"

''အင်း...ခဏတော့ပြန်ရမှာပေါ့၊
ဒါပေမဲ့ကိုယ့်မယ် မြို့မှာပျော်မယ်မထင်ပါဘူး"

ရှင်းမြတ်နဲ့ဆုမြတ်သွယ်က
အကြည့်ချင်းဆုံကာ မျက်ခုံးပင့်မိကြသည်။
ဘာလို့ဆို ရောင်နီထွန်းရဲ့ဆိုလိုရင်းကို
နှစ်ယောက်လုံးသိကြတယ်လေ။

''မြို့ကပြန်လာရင် ကောင်လေးချောချောလေး
တစ်ယောက်လောက်ပါဆယ်ဆွဲခဲ့ပေးပါလားဟင်"

''ရတာပေါ့....ကိုယ့်ကိုပွဲစားခများများပေးလေ"

''အို...အချင်းချင်းကိုအမြတ်ယူချင်သေးတာလား"

ကလေးတွေလို စကားနိုင်လုနေကြတဲ့
နှစ်ယောက်ကိုရှင်းမြတ်ဒီပါက ပြုံးကာသာ
ကြည့်နေသည်။

''ကိုရှင်းတို့ရော အိမ်တက်ရှိတယ်မလား"

''အင်း...အိမ်တက်တရားနာပဲရှိမှာ၊
ဘာလဲ တရားလာနာမလို့လား"

''ဖိတ်ရင်တော့ လာရမှာပေါ့၊
ဒါပေမဲ့လည်း ကိုရှင်းအိမ်ထောင်ဦးစီးကြီးက
ကြည်ဖြူမှဖြစ်မှာလေ"

''သူမကြည်ဖြူလည်း ကိုယ်ကြည်ဖြူပါတယ်၊
မနက်ဖြန်မနက်လာခဲ့လေ"

''အံမယ်...သူပိုင်ကြောင်းကြွားချင်နေတာ"

''အဲ့တော့ မကျေနပ်ဘူးလား"

''မကျေနပ်ဘူး...ရှင်တို့မှာကျဆိုင်သူပိုင်သူတွေရှိပြီး
အသွယ့်ကျတော့ တစ်ယောက်တည်း"

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now