အပိုင်း [၂၂]

2.8K 242 16
                                    

Unicode

''အဲ့လူကြီးကလေ အိမ်ကိုလိုက်လိုက်လာပြီး
ဘာတွေလုပ်မှန်းလဲမသိဘူး"

ရေဆွဲကာစဥ်အိုးထဲဖြည့်နေတဲ့ရောင်နီ့ကို
ပျော်ရွှင်က နှာခေါင်းရှုံ့ကာကြည့်ရင်း
ရွှင်လန်းကိုလက်တို့ကာ စကားဆို၏။
တိုးသည်ဆိုပေမဲ့ အနားထိုင်နေတဲ့
ရှင်းမြတ်ကတော့ အတိုင်းသားကြားရတယ်။
ရှင်းမြတ်က တစ်ဖက်သို့လှည့်ကာ
ကျိတ်ရယ်၏။

ညနေကျောင်းဆင်းပြီဆို
ရောင်နီက ရှင်းမြတ်နဲ့အတူတူ
ရှင်းမြတ်ဆိုင်ကယ်နောက် လိုက်စီးပြီး
အိမ်လိုက်လာသည်။ချမ်းမြေ့ကတော့
ရှင်းမြတ်သူငယ်ချင်းမို့ လွတ်ပေးထားဟန်တူသည်။
တစ်ရက်နှစ်ရက်မကတော့ ချမ်းမြေ့က
မကြည်ဖြူချင်တော့။ဒါကိုလည်း
ရောင်နီသိတယ်။

ချစ်ရသူရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊
ရွာရဲ့အားထားရာကျောင်းဆရာလည်းဖြစ်တော့
ချမ်းမြေ့က စိတ်ကိုလျော့ချထားဟန်။

အိမ်လိုက်လာရင်လည်း ရောင်နီကအငြိမ်မနေ။
ဆောင်းလယ်ရောက်တော့ သရက်ပန်းတွေပွင့်ပြီ။
အသီးမအောင်တဲ့သရက်ပန်းတွေညှိုးနွမ်းကာ
ကြွေကျသည်။ချမ်းမြေ့တို့အိမ်ရောက်ရင်
ရောင်နီကတံမြက်စည်းတစ်လက်ကိုင်ကာ လှည်းပြီ။
မလုပ်ပါနဲ့လို့လည်း တားမရ။
ရေမရှိ ရေဆွဲသည်။ချမ်းမြေ့လုပ်နေရင်တောင်
နေရာလုပြီး ဝင်လုပ်တတ်လို့
ရှင်းမြတ်ဖြန်ဖြေရတာလည်း မကြာခဏ။

ပျော်ရွှင်ကတော့ ရောင်နီ့ကို
''ကျပ်ပြည့်သလား''ဟုရှင်းမြတ်ကို
မကြာခဏမေးတတ်သည်။
ထိုအချိန်တွေတိုင်း ''ရောင်နီထွန်းက
နည်းနည်းလွတ်နေတာ"ဆိုပြီး ရှင်းမြတ်ပြန်ဖြေမြဲ။

ချမ်းမြေ့တို့မိသားစုက ရောင်နီဘာတွေ
လုပ်နေတာလဲဆိုတာနားမလည်ကြပေမဲ့
ရှင်းမြတ်ကတော့ သိတယ်။
အဲ့ဒါ ရောင်နီပိုးပန်းနေတာ။
ချစ်သူရည်းစားမထားဖူးဘူးတော့
သူသိသလောက်၊တတ်သလောက်နဲ့
သူ့နည်းသူ့ဟန်နဲ့ ချစ်​ကြောင်း၊ကြိုက်ကြောင်း
ဖော်ပြနေတာ။

အိမ်အလည်လာလွန်းလို့ ရွာသားတွေပင်
ကျောင်းဆရာအသစ်က သို့လော၊သို့လောဆိုပြီး
တွတ်ထိုးကာပြောနေကြပြီ။
သူတို့ဟာနဲ့သူတို့ဆို ရွာသားတွေပြောနေကြတာ
သိရမှာမဟုတ်။ဆုမြတ်သွယ်ဆိုတဲ့ကလေးမက
ရောင်နီနဲ့ရှင်းမြတ်ကို ပြန်ပြီးဖောက်သည်ချလို့သာ
သိရတာ။ရောင်နီကတော့ မည်သူ့ကိုမှဂရုမစိုက်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now