အပိုင်း[၆]

2.8K 218 3
                                    


ရှေ့မှကျွန်းတံခါးကိုခေါက်ရန် လက်လှမ်းပြီးမှ
ခေါက်သင့်၊မခေါက်သင့် ချီတုံချတုံဖြစ်နေရ၏။
ဆိုပေမယ့်လည်း အစ်ကိုတစ်ယောက်ပီပီ
ဆုံးမသင့်သာဆုံးမရမည့်တာဝန်ရှိသဖြင့်
သက်ပြင်းမျှင်းမျှင်းချကာ တံခါးခေါက်လိုက်သည်။

ဒေါက်...ဒေါက်

''ဘယ်သူလဲ အမေလား"

''အမေမဟုတ်ဘူး ကိုကြီးပါ''

''ဝင်ခဲ့လေ ကိုကြီး"

လင်းထက်ရဲ့ခွင့်ပြုချက်ရတော့မှ
တံခါးလက်ကိုင်ကိုဆွဲလှည့်ကာ
အခန်းထဲမျက်လုံးစွေကြည့်လိုက်တော့
ခုတင်ရှိပါလျက် ကြမ်းပြင်ပေါ်ဖျာခင်းကာ
စာအုပ်တစ်အုပ်နဲ့အလုပ်ရှုပ်နေတဲ့ ညီငယ်

''ဘာလုပ်နေတာလဲ လင်းထက်"

နံဘေးဝင်ထိုင်ကာ အမေးစကားဆိုတော့
လင်းထက်ကသူ့ကိုမကြည့်လာဘဲ
တဟီးဟီးရယ်လာသည်။
လင်းထက်ပြန်မဖြေတောင် လင်းထက်အသည်းအသန်
ကုန်းရေးနေတဲ့စာလုံးအပိုင်းအစတစ်ချို့ကိုမြင်ယုံနှင့်
ရှင်းမြတ်ရိပ်မိပြီးသား။

''ဘယ်ကောင်မလေးကိုပေးမလို့လဲ၊
နှုတ်ကဖွင့်ပြောရပါလျက် တကူးတကကို
လက်အညောင်းခံပြီးစာရေးပေးတယ်ဆိုတော့
နှယ်နှယ်ရရမဟုတ်လောက်ဘူး၊
ကိုကြီးပြောတာမှန်လား"

''နှုတ်ကဖွင့်ပြောတာထက် စာရေးပေးတာကို
ပိုသဘောကျမယ်ထင်လို့"

''ကိုကြီးခဏဖတ်လို့ရမလား လင်းထက်"

''ဘာလဲ...သဘောကျရတဲ့သူတွေ့နေပြီလား"

''ဟမ်...သြော်...မတွေ့သေးပါဘူးကွာ၊
တွေ့ခဲ့သော်ရှိ မင်းလမ်းစဥ်လိုက်ရအောင်မို့"

သူရယ်ပြုံးပြုံးဆိုလိုက်တော့
လင်းထက်ကလည်းရောယောင်လိုက်ရယ်လာသည်။
ညီအစ်ကိုမို့ ခပ်ဆင်ဆင်တူကြသော်လည်း
အကျင့်စရိုက်ကတော့ မီးနဲ့ရေလိုကွာခြားလှသည်။
ရှင်းမြတ်ဒီပါက ရေဆို
လင်းထက်ဒီပါက မီးဟုဆိုရမည်။

''ကိုကြီးဖတ်ပြီးရင်လည်း အမြင်လေးပြောဦး''

''အင်း"

စာအုပ်အလယ်ခေါင်မှာရေးထားတဲ့
နုနုရွရွအချစ်စာတွေကိုမြင်တော့
ရှင်းမြတ်မျက်ခုံးတွေပင့်ခနဲ။
ရည်းစားစာပီပီ လုံးကြီးတင်နဲ့အောက်ဆွဲအပြင်
အသတ်တွေကို သိသိသာသာကြီးအောင်ရေးထား၏။
မသေမသပ်လက်ရေးက မလှသော်လည်း
တစ်မျိုးကြည့်ကောင်းနေတာ အမှန်။
'မကိုလေ' 'မကလေ'ဟူသည့်
တ'မ'တည်းမနေသည့်စာတွေကို
ရှင်းမြတ်အဆုံးထိမဖတ်နိုင်တော့ဘဲ
စာအုပ်ကိုပြန်ပေးလိုက်သည်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now