အပိုင်း [၁၀]

2.6K 201 19
                                    

''ညီမလေး မမ အလေးခဏသွားလိုက်ဦးမယ်"

''သွားလေ မမ"

ထွက်သွားတဲ့ရွှင်လန်းကျောပြင်ကို
ပျော်ရွှင်ကတစ်ချက်သာကြည့်ရင်း သူ့အလုပ်ပြန်လုပ်နေ၏။
မင်္ဂလာအိမ်ဖြစ်၍ အသံတွေဆူညံနေပြီး
sound boxမှထွက်လာတဲ့မင်္ဂလာသီချင်းတွေကလည်း
မြိုင်မြိုင်ဆိုင်ဆိုင်။

ပျော်ရွှင်က အခုမင်္ဂလာအိမ်ရဲ့အနောက်အိမ်
ထမင်းဟင်းဝိုင်းချက်နေကြတဲ့နေရာမှာ။
မင်္ဂလာအိမ်မှာတော့ မဏ္ဍုပ်ဆောက်နေကြတဲ့
ယောက်ျားသားတွေအသံကသီချင်းသံနှင့်အပြိုင်အဆိုင်။

ပျော်ရွှင်တို့ညီအစ်မနှစ်ယောက်အပြင်
တစ်ခြားလာဝိုင်းကူတဲ့မိန်းမကြီးတွေလည်းအများသားမို့
အဖော်ရပေ၏။
တစ်ချို့တွေကတော့ မခေါ်ရင်မကောင်းတတ်တာမို့
တစ်ခွန်းစနှစ်ခွန်းစသာ စကားဆိုလာကြသည်။

''မ''

ရင်းနှီးနေပြီဖြစ်တဲ့အသံကြောင့်
ပျော်ရွှင်လှည့်ကြည့်လိုက်တော့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့
လင်းထက်ဒီပါ။

အနီးနားကရွာသားတွေက ပျော်ရွှင်နှင့်လင်းထက်ကို
မသိမသာကြည့်ကာ ဘာတွေလဲဟူသောသဘောဖြင့်
အကဲခတ်နေကြ၏။လူအများရဲ့အကြည့်စူးစူးဒဏ်တွေကို
မခံနိုင်ရာ ပျော်ရွှင်ကလင်းထက်ဒီပါကိုမသိသလို
သဘောထားကာ လျစ်လျူရှုလိုက်သည်။

''မ ဒီနေ့အရမ်းလှတာပဲ"

အများကကြည့်နေတာကိုသိပါလျက်
လင်းထက်ဒီပါက ပျော်ရွှင့်အနားတိုးကာဆိုလေသည်။
ထိုစကားကိုစိတ်ပါလို့ဆိုသလားမသိနိုင်ပေမဲ့
ပျော်ရွှင်လှတာတော့အစ်အမှန်သာ။

ဆံပင်ကိုတစ်ပတ်ရှိုထုံးထားကာ
နှင်းဆီနီတစ်ပွင့်ပန်ထားပြီး ဇာအင်္ကျီဖြူကို
ပန်းပွင့်နီတွေရောစပ်ထားသည့်ထဘီဖြူနှင့်ဖက်စပ်ဝတ်ထားသည်က ရင်သပ်ရှုမောစရာ။

''မ မောင့်ကိုအဖြေမပေးသေးဘူးလား"

ရှက်ရွံ့စိတ်ကြောင့် ပျော်ရွှင့်မျက်နှာရဲတက်လာ၏။
လင်းထက်ဒီပါ၏ပိုင်စိုးပိုင်နင်းအသုံးအနှုန်းကြောင့်
မဟုတ်ပေ။အများသူငှာနားစွင့်နေမှန်းသိလျက်
ရဲတင်းလွန်းတဲ့သူကို ပျော်ရွှင်ပေးထားတဲ့အမှတ်တွေ
နှုတ်လိုက်ပြီ။သူမရဲ့အရှက်သိက္ခာကိုဂရုမစိုက်တဲ့
ကောင်လေးက သူမကိုချစ်မြတ်နိုးဖို့ရာလုံးဝမဖြစ်နိုင်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now