အပိုင်း [၁၆]

2.7K 214 16
                                    

မျက်စိရှေ့က စာရွက်ပါးလေးကို
ရှင်းမြတ်က မမှိတ်မသုန်ကြည့်နေ၏။
ဒီစာရွက်မှာ သူလက်မှတ်တစ်ချက်ထိုးလိုက်တာနဲ့
သူနဲ့ချမ်းမြေ့က တရားဝင်လက်ထပ်ယူပြီးသားဖြစ်ပြီ။
ကောင်းချီးပေးသည့်လူဆိုလို့
ချမ်းမြေ့တို့မိသားစုသာလျှင်ရှိသည်။

''ခင်ဗျား တရားဝင်ကျုပ်အိမ်သား
ဖြစ်လာဖို့ကိုမစောင့်နိုင်တော့ဘူး"

ပြုံးစစနဲ့ချမ်းမြေ့က အမှန်တကယ်ပင်
ပျော်ရွှင်နေပုံပေါက်လို့ မသိရင်သူတို့နှစ်ယောက်က
ချစ်မြတ်နိုးလို့လက်ထပ်ယူကြသည့်ချစ်သူနှစ်ဦးလို။
ဆိုပေသည့် သူ့အတွေးသက်သက်သာဖြစ်သည်။
လက်တွေ့မှာတော့ ချမ်းမြေ့က
လင်းထက်နဲ့အမေတို့ရဲ့လုပ်ရပ်ကြောင့်
ရှင်းမြတ်တို့မိသားစုကိုအနိုင်ပိုင်းချင်လို့
ခိုးပြေးခဲ့တာမဟုတ်လား။

အသိသက်သေတွေကလည်း လက်မှတ်ထိုးပြီးပြီဖြစ်ရာ
ရှင်းမြတ်လက်မှတ်တစ်ခုသာလျှင်ကျန်တော့၏။
အမယ်အိုနှင့်အစ်မနှစ်ယောက်ကလည်း
နံဘေးကနေကြည့်နေကြသည်။
ကြည်နူးကတော့ စာရွက်ထဲမှာဘာတွေရေးထားသလဲ
သိလိုချင်စိတ်အပြည့်နှင့်။

နောက်ဆုံးမှာတော့ စိတ်ကိုဒုန်းဒုန်းချကာ
သတို့သမီးဆိုသောနေရာအောက်
လတ်မှတ်ထိုးလိုက်ရသည်။
သတို့သားနေရာမှာတော့
ချမ်းမြေ့လက်မှတ်ကြီးကပြူးလို့။

''ဒါဆို ဆရာလေးကအနူးဦးလေးဖြစ်သွားတာလားဟင်"

ချမ်းမြေ့ကလက်ထပ်စာချုပ်ကို
တယုတယကိုင်ရင်းခေါင်းတဆတ်ဆတ်ငြိမ့်ပြလာကာ

''မင်းဦးဦးနဲ့လက်ထပ်လိုက်ပြီဆိုမှတော့
ဦးလေးတော်ရတော့မှာပေါ့၊နောက်ဆို ဆရာလေးလို့
မခေါ်တော့နဲ့၊ဦးဦးပြောတာကြားလား အနူး"

''ဟီး...ဟီး ဟုတ်ကဲ့ချမ်းချမ်း"

အနူးကရွှင်လန်းပေါင်ပေါ်မှထကာ
ရှင်းမြတ်ပေါင်ပေါ်ပြောင်းထိုင်လာ၏။
ပြီးနောက် ရှင်းမြတ်ကိုမော့ကြည့်လာကာ
တဟီးဟီးရယ်ပြလာသည်။

''ဦးဦး...ဆရာလေးဦးဦး ဦးဦးဆရာလေး"

''သဘောကျနေတယ်ပေါ့လေ ဟမ်''

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now