CH 69

3.8K 553 117
                                    

အရှင်မင်းကြီး သတိပြန်လည်လာပြီးကတည်းက ချူရှင်းကို ယန်ရှန်းသတိထားပြီးစောင့်ကြည့်နေခဲ့ပေမယ့် အခုလို ဒူးထောက်နေသည်ကို မြင်လိုက်ရပြန်တော့ မယုံနိုင်လောက်အောင် အံ့သြနေမိတယ်....

ရှဲ့ဟယ်ရဲ့ အမိန့်ကြောင့် ယန်ရှန်း အံ့သြနေရာကနေသတိပြန်ဝင်လာပြီး ကြာပွတ်ကို ရှဲ့ဟယ်လက်ထဲထည့်ပေးလိုက်တယ်......

အရင်ကဆို ဒီကြာပွတ်နဲ့ အမှားကျုးလွန်သူတိုင်းကို အပြစ်ပေးနေကြပါ....ကြာပွတ်ပေါ်မှာပါတဲ့ ဆူးတွေကြောင့် တစ်ချက်အရိုက်ခံရရုံနဲ့ အသားစတွေ ပဲ့ထွက်သွားနိုင်တယ်.....

ရှဲ့ဟယ် လက်မြှောက်ပြီး ချူရှင်းရဲ့ကျောပြင်ပေါ်ရိုက်ချလိုက်တယ်.....သွေးတွေကလည်း
ကြာပွတ်အဖျားကနေတဆင့် ကြမ်းပြင်ပေါ်စီးကျလာတယ်....

ဒါပေမယ့် ချူရှင်း တစ်ချက်ကလေးမျှ မလှုပ်တဲ့အပြင် အမူအရာလည်း ပြောင်းမသွားခဲ့ဘူး......အဲ့အစား ကျောရိုးကို မတ်မတ်ထားပြီး ရှဲ့ဟယ်ကိုသာ နင့်နင့်သည်းသည်း ငေးကြည့်နေတယ်......

ရှဲ့ဟယ်ရဲ့ အ​ကြည့်တွေကလည်း ပို၍သာ မည်းမှောင်အေးစက်လာတယ်...ကိုယ်ခံအားမကောင်းသူဖြစ်တာကြောင့် ရိုက်ချက်အနည်းငယ်လောက်နဲ့တင် ရှဲ့ဟယ် မောဟိုက်လာတာကိုမြင်လိုက်တာနဲ့ ယန်ရှန်းရှေ့တိုးလာပြီး.....

" မင်းကြီး......."

ရှဲ့ဟယ်လည်း သရုပ်ဆောင်နေတာ လုံလောက်ပြီဖြစ်တာကြောင့် ယန်ရှန်း သတိလာပေးချိန်မှာ ချော်လဲရောထိုင်လုပ်လိုက်တော့တယ်......

ချူရှင်းရဲ့အရေပြားက တိရိစ္ဆာန်သားရေလိုမာကြောထူထပ်ပေမယ့် လက်လွန်ပြီး အသေသတ်လိုက်မိရင် အလကားနေရင်း အမှတ် သုံးသောင်း ပလုံတော့မယ့်အပြင် ဒီကမ္ဘာအတွက်ချမှတ်ပေးထားတဲ့ Mission လည်း ကျရှုံးရပေလိမ့်မယ်......

ဒါ့ကြောင့် ကြာပွတ်ကို ယန်ရှန်းဆီပြန်ပေးလိုက်ပြီး......

"စိတ်မပူနဲ့ စစ်သူကြီးချူ..ကိုယ်တော် မင်းကို လွယ်လွယ်နဲ့တော့ ဘယ်သေခိုင်းပါ့မလဲ.....မောင်မင်း ကိုယ်တော့်ကို ပြောခဲ့ဖူးတဲ့အတိုင်း တစ်ခုချင်းဆီပြန်လုပ်ပေးမှာပါ....."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now