part (1)

18.5K 372 8
                                    

ကျတော့်အတွက်တော့ သူသည်(ဘီအယ်လ်)
(တစ်)

မီးရောင်စုံလေးတွေက ဟိုဟို၊ဒီဒီ မှိန်ဖျော့ စွာ ထွန်းလင်းနေသည့် အကိုထွန်း၏ ခြံထဲသို့ ကျတော် သွက်သွက်လေး လှမ်းဝင်လိုက်သည်။
‌ အနက်နှင့် အဖြူကို တခြမ်းစီစပ်ထားသည့် တီရှပ်လေးနှင့် ဂျင်းပန်အပြာနုနုလေးကို ခါတိုင်းလိုပဲ ခပ်ရှင်းရှင်းလေး ဝတ်ရတာကို ကျတော်ကြိုက်သည်။

ခြံထဲကို ပြုံးရွှင်မြူးတူးစွာ ဝင်လာသည့် ကျတော့်ကို အကိုထွန်းက ဝမ်းသာအယ်လဲ့ ဆီးကြိုသည်။

"လာ လာ ဘုန်းပြည့် မင်းကိုစောင့်နေတဲ့ ကောင်မလေး‌ေလးတွေ အများကြီးပဲ ရောက်နေကြပြီ"

ကျတော် အကိုထွန်းကို ပိုပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်မိသည်။ဂစ်တာလေးကို အိတ်ထဲကထုတ်လိုက်သည်။

ခုံပေါ်ကို ထိုင်လိုက်ပြီဆိုရင်ပဲ
မိန်းကလေးဝိုင်း‌ေတွဆီက လက်ခုပ်သံတွေ ၊အားပေးသံတွေ ထွက်ပေါ်လာသည်။

ကျတော် အချိုဆုံးပြုံးထားသည်။ပြီးတော့ ဂစ်တာလေးကို စတင်တီးခတ်လိုက်ပြီး အချစ်သီချင်းချိုချိုလေး တပုဒ်ကို ဆိုလိုက်မိသည်။

မေးစေ့လေးတွေ လက်ထောက်ပြီး ပြုံးကာ မျက်စိမလွှဲတမ်း ကြည့်ပြီး အားပေးနေတဲ့ ကလေးမငယ်လေးတွေ ဝိုင်းက အထက်တန်းကျောင်းသူလေးတွေ ထင်ပါသည်။အထက်တန်း ကျောင်းသူလေးတွေက အရက်ဘားကို ဘာလာလုပ်ကြတာလဲ? လို့ တဆက်တည်းတွေးမိလိုက်သည်။ကျတော်က တခုခု ထပြောလိုက်ရင်လည်း ဟေး၊ဟား ဆိုပြီး သူတို့၏ရောဂါတွေ ပိုတိုးလာကြလိမ့်မည်။

အဲ့ဒီဝိုင်းရဲ့ ဒီဘက်က မန်နေဂျာမမတို့ ဝိုင်းပင်ဖြစ်သည်။မန်နေဂျာ မမက ငွေသုံးနိုင်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပေ။

ဒီဆိုင်မှာ သီချင်းဆိုလာတာ နှစ်တဝက်
ပင်ကျိူးတော့မည် ဘယ်လောက်ထုတ်ယူယူ မကုန်မခန်းအောင် ငွေ‌သုံးနိုင်သော မမ၊ညီမလေး ဆိုလို့ လက်ချိုး၍ပင်ရေတွက်လို့ ရလောက်ရုံသာ ဆုံဆည်းဖူးသည်။
ပြီးတော့ သူတို့တွေကလည်း ကျတော့် ကို အချိန်ပိုင်းလောက်သာ ခေါ်ကြသည်။အမြဲတမ်းဖောက်သည် အဖြစ် မခေါ်ကြချေ။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now