part (2)

5.6K 210 7
                                    

ကျတော့်အတွက်တော့...သူသည်(BL)
အပိုင်း(၂)
ဆိုင်ထဲကိုရောက်တော့ အေးစိမ့်စိမ့်လေးခံစားရသည်။နားဆွဲအဝိုင်း အဝါရောင်လေးနှင့် သူမက လှနေပါသည်။

မှာထားသည့် စားစရာတွေရောက်လာသည့်အခါ သူမကိုခွံ့ကျွေးတာတို့၊သူမ ဆံပင်လေးတွေကို စည်းနှောင်ပေးတာတို့ ၊သူမနှုတ်ခမ်းလေးကို တစ်သျှူးလေးနှင့် ခပ်ဖွဖွလေး သုတ်ပေးတာတို့၊ ယုယုယယ အကြင်နာတွေကြောင့် သူမလည်း ပျော်နေဟန် ရှိပါသည်။

"ထည် "

"ဗျာ့"

"တဖြည်းဖြည်းနှင့် ယူ့ကို တို့ တကယ် သဘောကျလာမိတော့မယ်"

တီရှပ် အနက်ရောင်လေးနှင့် စတိုင်ပန်အကွက်အောက်ရှူးလေးနှင့် ခပ်ရိုးရိုးလေး ဝတ်ထားသည့်ကြားက အသားဝါဝါဝင်းဝင်းလေးက ထင်းကနဲထင်ပေါ်နေသည်။မျက်လုံး၊မျက်ဖန် လည်းတော်တော်လှသည်။နှုတ်ခမ်းရဲရဲလေးနှင့် အရွယ်၏ကောင်းခြင်းလည်း ရှိပြီး ချိန်းတွေ့သည့် အလုပ်မှာ ဝန်ဆောင်မှုလည်း ကောင်းတာကြောင့် သူမက ကျတော့်ကို ခဏတော့ ကြွေချင်ကြွေမိပေလိမ့်မည်။

ကျတော့် မိသား၏ အခက်အခဲ၊တဦးတည်းသာ ရှိသည့် မိသားစုဝင်ဖြစ်သူ အဖေ ၏ မူးရူးကာ လက်ပါတတ်သော ၊နှုတ်ဆိုးသော အကျင့်ကြောင့် ဘယ်မိန်းကလေးကရော ကျတော့်ကို အတည်တကျ စဉ်းစား နိုင်ပါ့မလဲ?
အတည်တွဲချင်မိတယ်လို့ ပြောရင် အဲ့ဒါ ကျတော့် မိသားစုအကြောင်းကို မသိသေးလို့ သာ ဖြစ်လိမ့်မည်။

"အဟင်း......
ဘာသောက်မလဲ?ရေသောက်မလား?
ထည့်ပေးရမလားဟင် မ?"

"အင်း စားပြီးတော့ ရေသောက်ချင်တယ်"

ကျတော် ရေတဘူးကို ဖွင့်လိုက်ပြီး ဖန်ခွက် ရှည်မျောမျော လှလှလေးထဲသို့ လောင်းထည့်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။

ရေကို တဝသောက်လိုက်ပြီး ကျတော်က သူမ နှုတ်ခမ်းလေးကို တစ်သျှူးလေးနှင့် သုတ်ပေးလိုက်သည်ကို သူမသဘောကျနေသည်။အခုမှ မဟုတ်ပါဘူး တွေ့တိုင်းသဘောကျနေတတ်ပါသည်။

"အဟင်းဟင်း"
သဘောတကျ ရယ်မောကာ ကျတော့်လက်မောင်းကိုဖက်ပြီး ကျတော့် ပခုံးလေးပေါ်သို့ မှီနေလေသည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now