part (13)

2.7K 140 2
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၃)
ကားပေါ်ကို ကျတော်ရောက်သွားတော့ ရှူးရှူးရှားရှား မျက်နှာ အမူအရာဖြင့် ထိုင်နေသော ဦးကို မြင်လိုက်ရလေသည်။

ဦးရဲ့ စိတ်အခြေအနေ မကောင်းတာမို့ ကျတော် က ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
ဦးလည်း စိတ်တိုနေပေမယ့် ငြိမ်ငြိမ်လေး ထိုင်နေတာပါပဲ။ခဏလောက် ငြိမ်နေပြီးမှ ကျတော့်ဘက်ကို လှည့်ကြည့်ကာ

"ဘုန်းပြည့်ထည်ရော ဦးတို့ သားအဖ က သနားစရာ ကောင်းတယ်လို့ မြင်နေလား?"

ဦးကတော့ တည့်တိုးကြီးပင် မေးနေချေပြီ။သနားစရာတော့ မဟုတ်ပေမယ့် ကျတော်က ကရုဏာသက်မိသည် လို့ အမှန်အတိုင်း ဖြေရင် ဦး က မာန ထိခိုက်တယ် ဆိုပြီး စိတ်ဆိုးမှာလား?။

အမှန်တော့ ကျတော့်ဘက်က ဦးအပေါ်မှာ ကရုဏာသက်မိနေတာ ကျတော်သီချင်းဆိုနေသည့် ရှေ့မှာ လာပြီးမူးမူးနှင့် ငိုနေကတည်းက ပင် ဖြစ်သည်။
ဒါကို ဦးက မမှတ်မိတာကိုလည်း ကျတော် သိသည်။

ပြီးတော့လေ၊ပြီးတော့
အခုတလောမှာ ကရုဏာတင်မက အကြင်နာတွေပင် ပိုချင်နေမိတာကိုရော ဦး သိရဲ့လား?

"တကယ်ပဲ ဦးတို့ သားအဖ အဖြစ်က လူတွေ အလယ်မှာ သနားစရာ ပုံစံပေါက်နေပြီလားကွာ"

ကျတော့် မျက်စိထဲမှာတော့ သနားစရာ ပုံစံလည်း ပေါက်တဲ့ အပြင် ချစ်စရာ ပုံစံပါပေါက်သေးတာလေ ဦးရဲ့။

"မဟုတ်ပါဘူး ဦး စိတ်က ထင်နေတာပါ"

ကျတော်က ဗြောင်လိမ်၊ဗြောင်စားလေးပါ ဦးရယ်။ဒါပေမယ့် ဦး ငြိုငြင်မှာ ငြူဆူမှာ မလိုချင်လို့ လိမ်လိုက်ရတာပါ ခွင့်လွှတ်ပါတော့ ဦးရယ်။

"ဒီဒီ့ကို ဒီကျောင်းမှာ ဆက်ထားလို့ ဖြစ်ပါ့မလား ဟင် ဘုန်းပြည့်ထည်"

ဘုန်းပြည့်ထည်ရဲ့ စိတ်ထဲမှာ သနားစရာ ပုံစံပေါက်ရဲ့လားတို့၊ဒီဒီ့ကို ဒီကျောင်းမှာ ဆက်ထားလို့ ဖြစ်ပါ့မလား? လို့၊
ဘာဖြစ်လို့ ကျတော့်လို အိမ်မှာ အိမ်အကူ လုပ်တဲ့ ကောင်လေးတယောက်ကို တခုတ်တရကြီး အရာသွင်းကာ တိုင်ပင်နေတာလဲ ဦးရယ်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now