part(25)

2.6K 113 2
                                    

ကျတော့်အတွက်တော့ ..သူသည်(BL)
အပိုင်း(၂၅)
ကျတော်ရော၊ဦးရော အပြင်ကို ထွက်ကြည့်လိုက်တော့ ဦးထင်ခဲ့သလိုပင် တကယ်ပဲ နတ်သုဒ္ဓါ လာပို့သည့် ကားရောက်လာတာ ဖြစ်သည်။

နတ်သုဒ္ဓါ ချက်ထားသည့် အိုးတွေကို သူတို့ ကိုယ်တိုင် ဝန်ဆောင်မှုပေးသည့် အနေဖြင့် သူတို့ကိုယ်တိုင် အိမ်ထဲသို့ သယ်ပို့ပေးကြလေသည်။

ရုတ်တရက်ဆိုသလို ဦးက ကျတော့်အနားသို့ ကပ်လာကာ

"အချစ်လေး ဒီဒီ့ကို ခေါ်ပြီး အခန်းထဲ ဝင်နေချေ သွား"

ကျတော် ဦးကို နားမလည်စွာ မော့ကြည့်နေမိသည်။နတ်သုဒ္ဓါ လာပို့သည့် ကားက လူတွေကလည်း ကူသယ်ပေးပါအုံး လို့ မပြောကြပါပဲနဲ့ ဘာကြောင့်များ အခန်းထဲ ဝင်‌ေနစေချင်တာပါလိမ့် လို့ လည်း ဦးမျက်လုံးတွေကို ကြည့်ကာ အဖြေရှာနေမိသည်။

ကျတော် အခန်းထဲသို့ မဝင်သေးလို့ ထင်သည် ဦးက နောက်ထပ်တကြိမ် အနားသို့ ကပ်လာလေသည်။

"အချစ်လေးနဲ့ ရွယ်တူ ကောင်လေး ချောချောလေးတွေ လည်း ပါလာတယ်။အချစ်လေးကို ချောလို့ ဆိုပြီး ကြည့်ကွက်၊ ကြည့်ကွက် လုပ်နေတာ မြင်လား
သွား အခန်းထဲကို ဝင်တော့လို့"

ဒီတခါကျ ဦး၏ လေသံက အံကြိတ်သံပင်ပါလာလေပြီ။
အခြေအနေ မကောင်းဘူး ဆိုပြီး ဒီဒီ့ကို ပြေးပွေ့ကာ အခန်းထဲသို့ ပြေးဝင်လာခဲ့ရလေသည်။

ခြံထဲမှာ သူ့ဖာသာသူ စက်ဘီး ပတ်စီးနေရင်းတန်းလန်းကြီးကနေ ချီပွေ့ကာ အခန်းထဲသို့ အခေါ်ခံလိုက်ရသည့် ဒီဒီက ကျတော့်ကို မျက်လုံးဝိုင်းကြီးတွေနှင့် မော့ကြည့်နေလေသည်။

အခန်းထဲကို ရောက်လာမှ
ကျတော်နှင့် ပတ်သက်ပြီး သဝန်တိုတတ်လာပြီ ဖြစ်သော ဦး၏ ကျန်ရစ်ခဲ့သည့် ပုံစံလေးကို မြင်ယောင်ကာ စောင်တွေကြားထဲကို မျက်နှာလေး ဖွက်ပြီး တခစ်ခစ်နှင့် ရယ်နေမိလေသည်။

"ကိုကို ဘာဖြစ်လို့ ရယ်နေတာလဲဟင်"

စက်ဘီးစီးရင်းတန်းလန်းက အခန်းထဲသို့ ရုတ်ချည်း ရောက်လာတော့ အူကြောင်ကြောင်ဖြစ်နေပါတယ်ဆိုမှ
ကိုကို က တယောက်တည်း ရယ်နေပြန်ပါပြီ ဆိုပြီး ဒီဒီကတော့ စဉ်းစားနေပေလိမ့်မည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now