part (19)

2.7K 131 8
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၉)
ကျတော် စိုးတထိတ်ထိတ်နှင့် စောင့်မျှော်နေရသော စနေနေ့ကတော့ ရောက်ရှိလို့လာ‌ေချပြီ။ဒီဒီလည်း မူကြိုကျောင်းပိတ်တာမို့ အိပ်ရေးဝဝ အိပ်ပါ့စေဆိုပြီး ကျတော် မနှိုးဖြစ်ပေ။

ဘာကိုမှ မသိသေးသော ဘုန်းပြည့်ထည်ကတော့ ခါတိုင်းအချိန်မှာပဲ ခါတိုင်းလို ဈေးပါဝယ်လာပြီး အိမ်ကို ရောက်နေချေပြီ။

ကျတော့်မှာ သာ အီလည်လည် ခံစားချက်ကြီးနှင့် ဘုန်းပြည့်ထည် အထင်မလွဲရအောင် အစကနေ အဆုံးထိ ဘယ်လို ရှင်းပြရမလဲ? ဆိုပြီး စဉ်းစားနေရတာပင်။

"ဘုန်းပြည့်ထည်ရေ ......
ဒီနေ့ နေ့လယ်လောက်ကို အိမ်ကို ဧည့်သည် လာလိမ့်မယ်"

........
မိုးလင်းလာကတည်းက ဦး ကို ကြည့်ရတာ လုံးဝ မူမမှန်ပေ။တနေရာတည်းကြီးမှာ ငြိမ်ငြိမ်ကြီး ထိုင်ပြီး မထုံတတ်တေးကြီး ဖြစ်လို့နေသည်။

ရေမိုး ချိုးပြီး သပ်ရပ်ကြော့မော့ နေအောင် ဝတ်စားထားပြီးတာတောင် ဆံပင်တွေက ပွယောင်းနေသေးသည်။

သူ့ရှေ့က ကျတော်ဖြတ်သွားတိုင်းလည်း လိုက် လိုက်ကြည့်နေတတ်သေးသည်။

ဘာတွေ များ စိတ်အနှောက်အယှက် ဖြစ်စရာ ရှိနေတာလဲ မသိပေ။

အို ဒီနေ့မှ မူမမှန်ဖြစ်‌ေနတာ မဟုတ်ပါဘူး မူမနှန်နေတာ မှတ်မှတ်ရရ သုံးရက်တောင် ရှိနေပြီ။ဒီနေ့တော့ သေချာ အောင် မေးပစ်ရမည်ဟု တေးထားလိုက်သည်။
ကျတော့်ကို အလုပ်ဆက်လုပ် နေစေ့ချင်သေးတာ သေချာရဲ့လား လို့လေ။

ကျတော်က မေးခွန်းမေးရန်အတွက် ဦးအနီးကို ချဉ်းကပ် သွားလိုက်တာပါပဲ။

ဒါပေမယ့် ဦးကပဲ စပြီး ပြောသွားသည်။

ဘာတဲ့
ဒီနေ့ အိမ်ကို ဧည့်သည် လာမယ်တဲ့လေ။

"ဧည့်သည်အတွက်ပါ နေ့လယ်စာ ပြင်ထားပေးရမှာလားဟင် ဦး"

"ဟုတ်တယ် ဘုန်းပြည့်ထည်  နေ့လယ်စာ စားကြဖို့ ဦးက ဖိတ်ထားမိလို့ပါ"

ဦးကလည်း စောစောက ကြိုပြောထားမှ ဈေးဝယ်ရင် ပိုဝယ် ခဲ့မိမှာပေါ့။ခုတော့ မတတ်နိုင်တော့ဘူး အိမ်နဲ့ အနီးဆုံးရှော့ပင်းမော တခုခုကပဲ ဈေးဝယ်ရတော့မှာပဲ လို့ တွေးထားလိုက်မိသည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now