part (18)

2.7K 131 2
                                    

ကျတော့် အတွက်တော့ သူသည်(BL)
အပိုင်း(၁၈)

"ဟာ....
မိုးဆွေရာ ငါတို့က တဖက် က မိန်းကလေးကို စကားလွန်ထား ပြီးပြီ ကွ။သူက ဒီ စနေနေ့မှာ တောင် မင်း အိမ်ကို လာလည်ဖို့ အတွက် ပန်းစည်းတွေ ကိတ်မုန့်တွေတွေတောင် မှာထားပြီးပြီ။
ပြီးတော့ တခြားလူတွေလည်း မဟုတ်ဘူး။ငါ့ အမျိုးသမီး ရဲ့ မောင် အငယ်ဆုံးကောင်ကို ဂိုက်ပြပေးနေတဲ့ ဂိုက်ဆရာမကွာ......."

ဘုန်းမြတ်စကားကြောင့် ကျတော်လည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ရသည်။
ကျတော် ငြိမ်ချက်သားကောင်းနေတော့ ဘုန်းမြတ်က ဆက်ပြောသည်။

"ကောင်မလေးက လှလည်း လှ၊ယဉ်လည်းယဉ် ပြီး ကလေးကြည့်တဲ့နေရာမှာလည်း စိတ်ရှည်လို့လေ။
မယ်လေး ငါတို့ လင်မယားမှာ မနည်း နားချထားရတာကွ"

ကျတော့်မှာ အခုမှ ရုတ်တရက်ကြီး ထပြီးငြင်းဆိုရလောက်သည့် အကြောင်းပြချက်က မရှိတာ မဟုတ်။ရှိသည် သို့သော် လတ်တလောမှာတော့ ဘုန်းမြတ်ကို ဖွင့်မပြောချင်သေးပေ။

"ငါ့မှာ ချစ်ရမယ့်သူ ရှိနေပြီကွ"

လို့ ပြောပြရင် သေချာပေါက်ကို ဘုန်းမြတ်ကိုယ်တိုင်က မျက်နှာ အပျက်ခံပြီး ပွဲဖျက်ပေးမှာကို သေချာသိပေမယ့်

ဘယ်သူလဲ? လို့ မေးလာခဲ့ရင်

ဘုန်းပြည့်ထည် ပါလို့ မဖြေချင်သေးပေ။ကျတော်က ယောက်ျားလေးတယောက်ကို ချစ်နေပါပြီ လို့ ခု လောလောဆယ် မှာတော့ ဘုန်းမြတ်ကိုရော၊ဘယ်သူ့ကို မှ မသိစေချင်သေးပေ။

"ဒါနဲ့ နေပါအုံး။
တနေ့ကမှ မိတ်ဆက်ပေးပါအုံး ဆိုပြီး ဇွတ်အတင်းတွေ ပူဆာတာလည်း မင်းပဲ။ခု စိတ်ပြောင်း သွားတော့လည်း မင်းပဲ
။ဘာလဲ မင်းမှာ ချစ်ရမယ့် သူ ရှိနေပြီလား မိုးဆွေ"

"မဟုတ်ပါဘူးကွာ။
မင်းလည်း ငါ့ကို သိနေတာပဲ။
တယောက်ယောက် ရှိလာရင် မင်းကို အရင်ဆုံး ပြောပြမှာပေါ့ကွ"

ဘုန်းမြတ်ဖက်က တချက်ငြိမ်သွားသည်။ပြီးမှ

"အေး ကွာ။
ရှိလာရင်လည်း ပြောပြမှပေါ့။
ငါက မင်းကို ဇွတ်လုပ်မယ့် သူမှ မဟုတ်တာ။မရှိရင်လည်း ငြင်းမနေနဲ့။
တွေ့ကြည့် လိုက်ပေါ့။
ကြိုက်တော့လည်း တွဲကြည့်၊မကြိုက်တော့လည်း မတွဲနဲ့ပေါ့ ကွာ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now