part (5)

3.7K 202 2
                                    

ကျတော့်အတွက်တော့....သူသည်(BL)
အပိုင်း(၅)
ဒီနေ့ ဘုန်းမြတ် လွှတ်ပေးလိုက်မည် ဆိုသော အမျိုးသား အိမ်အကူ လာမည့်နေ့လေးဖြစ်တာကြောင့် ကျတော် အလုပ်မသွားပေ။တကယ်တော့ အလုပ်က ကျတော်သွားချင်လည်း ရသည်၊မသွားချင်လည်း ရသည်။ပြောရကြေးဆို သွားစရာ ပင် မလိုသော အလုပ်ဖြစ်သည်။

သားသား ၏မေမေ ထွက်သွားစ က စပြီး စိတ်ပြေလက်ပျောက်အနေနှင့် သားအဖနှစ်ယောက်လုံး ကုမ္ပဏီကို သွားကာ လည်ပတ်နေတာပင်ဖြစ်သည်။

အခုတော့ ဟိုတရက်ကလည်း ထွက်ခွာသွားသူ(သားသားမေမေ)၏ သတင်းကိုကြားရပြီးပြီ။ပြန်လာလို့လည်း လက်မခံနိုင်တော့သလို၊ပြန်လာတော့မည်လည်း မဟုတ်ချေ။ကျတော့် ဘဝကို ကျတော် ပြန်ပြီး တည်ဆောက်မှ ဖြစ်တော့မည်ဟု တွေးကာ အိမ်အကူလည်း ရောက်လာတော့မည်မို့ ဝါသနာပါရာ အလုပ်တခုခု စ ပြီး လုပ်ရန် ဆုံးဖြတ်ထားသည်။
လွမ်းရ၊သတိရတာလည်း မောသွားပြီမို့ မလွမ်းမောချင်တော့ပေ။

"ဖေဖေ သားသား ဗိုက်ဗိုက် ဆာဆာ"

နိုးလာလာချင်း ဗိုက်ဆာတာက စပြီး ပြောနေသော သားကြောင့် ပြုံးရသည်။အစားပုတ်လေး ပေပဲ။

"ဖေဖေနဲ့ ရေအရင်ချိုးရမယ်၊အဝတ်အစားလဲရမယ်။ပြီးတော့မှ သားကြိုက်တာ ဖေဖေ ချက်ကျွေးမယ်"

ဘုန်းမြတ်တို့အိမ်က ဘေဘီ ထမင်းပွဲလေးတွေ ကို စားပြီး ကတည်းက အပြင်ဆိုင်တွေမှာ သားက မစားချင်တော့သည်မှာ သိသာသည်။ဖေဖေချက်ကျွေးမည်လည်းဆိုရော ပျော်မြူးနေလေသည်။

ဒါပေမယ့် သားက ရေချိုးပျင်းသူလေး ဖြစ်သည်။

"ရေချိုးချင်ဘူး"

"ချိုးပါ သားရဲ့ ဖေဖေက ဒီနေ့ အသဲပုံကြက်ဥကြော်လေး ကြော်ပေးမယ်။ငှက်ပျောသီး ပန်းပွင့်လေးတွေရော။အိုဗာတင်းချောကလက်ရော အကုန်လုပ်ကျွေးမယ်"

ကျတော်ပွေ့ချီသည့် နောက်ကိုတော့ အသာတကြည်လိုက်လာချေပြီ။မေးခွန်းတွေတော့ အဆက်မပြတ်အောင် မေးနေပြန်သည်။

"ငှက်ပျောသီးပန်းပွင့်လေးတွေရောပေါ့"

"ဟုတ်ပါတယ်ဗျာ ငှက်ပျောသီး ပန်းပွင့်လေးတွေရောပါ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now