part (12)

2.8K 130 4
                                    

ကျတော့်အတွက်တော့ သူသည်(BL)
အပိုင်း(၁၂)
နှာခေါင်းထဲကို ပေါင်မုန့်နံ့မွှေးမွှေးလေးကတိုးဝင်လာသည်။
တန်တော့ ဒါဆို ကျတော်သိပြီ။ဘုန်းပြည့်ထည် ရောက်လာပြီး မနက်စာပြင်နေတာ ဖြစ်မည်။
မဟုတ်သေးပါဘူး။
ဘုန်းပြည့်ထည် က ရောက်လာတာ မဟုတ်သေးဘူး။မနေ့ည က ကတည်းက အိမ်ကနေ မပြန်ရသေးတာပဲ။အဟင်း။
ဒီကောင်လေးက ချစ်စရာ ကောင်းလိုက်တာ။

အိပ်ရာကနေ ထကာ နာရီကို လှမ်းကြည့်တော့ မနက်(၇)နာရီပင် ခွဲနေ‌ေချပြီ။
ညက တော်တော်နှင့် မအိပ်သော ဒီဒီ့ကို
ပုံပြင်စာအုပ် ဖတ်ပြပြီး သိပ်နေရသဖြင့် အိပ်ရာဝင်နောက်ကျခဲ့သည်။

ညတုန်းက
ဒီဒီ အိပ်ပျော်သွားတော့ ကျတော်လည်း ကိုယ့် အခန်းကို ပြန်ဖို့ ဒီဒီ့ အိပ်ခန်းလေးထဲက ထွက်လာခဲ့သည်။
ဘုန်းပြည့်ထည် အိပ်သည့် ဧည့်သည်ခန်းက မီးတွေပင် ပိတ်နေလေပြီ။တနေ့လယ်လုံး အိပ်ထားသည့် အပြင် အစောကြီးလည်း အိပ်ပျော်တာပဲလို့ ပိတ်ထားသည့် သူ့အခန်းတံခါးလေးကို ခဏ ရပ်ကာ ငေးရင်းတွေးမိခဲ့သေးသည်။

အခုတော့ အစောကြီး နိုးနေကာ အနက်စာပြင်ဆင်နေပြီ ထင်သည်။

အို့....
အများကြီးတွေးနေဖို့ အချိန်မရှိဘူးလေ။
ဒီနေ့က ဒီဒီ့ကို ဘုန်းမြတ်၏သမီး မီမီလေးတက်နေသည့်  မူကြိုကျောင်းကို သွားပြီး ကျောင်းအပ်ရမည့် နေ့မဟုတ်လား?

ဒီဒီနှင့် ရေချိုးရမည်ဟူသော အတွေးဖြင့် ဒီဒီ့အခန်းထဲသို့ အပြေးကလေး ထွက်လာခဲ့လေသည်။
..........
ကလေးလေးကို ရေချိုးပေးရတာ တကယ်တော့ ခက်သည်။

"ဒီအနံ့ကြီး မဟုတ်ဘူး မနေ့က အနံ့လို့ ဖေဖေ"

ဟူ၍လည်း ရွေးတတ်နေလေပြီ။

"ဒီဒီ တော်သင့်ပြီ ရေစိမ်တာ ကြာနေပြီလေ။ဒီနေ့ မူကြိုကျောင်းကိုလည်း သွားရအုံးမယ် မြန်မြန်လုပ်"

ဆိုသည့် စကားကိုလည်း အခေါက်ပေါင်း မနည်းမနော ပြောရသေးသည်။

အဝတ်အစားကိုလည်း ဒီအင်္ကျီ မဟုတ်ဘူး။ဟို အင်္ကျီ။ဒီဘောင်းဘီကြီး မဝတ်ချင်ဘူး။ဟိုဘောင်းဘီ ဝတ်ချင်တယ် နှင့် ချေးများတတ်စ ပြုနေလေပြီ။
ဒါတောင် မူကြိုမတက်ရသေးလို့ ဒီလောက်တတ်တာရယ်။
မူကြိုကျောင်းသာ တက်ပြီး ၊ဒီထက်များ နည်းနည်းကြီးလာရင် အဖေ လုပ်သူကိုရော သူ့ကိုကိုကိုပါ ရောင်းစားပေလိမ့်မည်။အဟင်း။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now