part(28)

2.6K 104 2
                                    

ညနေခင်းတိုင်း အကိုထွန်းဆီမှာ ကျတော် သီချင်း လာလာဆိုဖြစ်နေတာ
တလကျော်ကျော် လောက် ကြာခဲ့ပြီ။

ညနေဘက်တွေဆို ညနေစာကို ဆိုင်မှာ စားတာကို ဦး က မကြိုက်ပေ။အိမ်ကနေသာ စားသွားစေသည်။ညနေစာ စားပြီး ဆေးကြောစရာ၊သိမ်းဆည်းစရာ ပန်းကန်တွေ၊အိုးတွေကို ဦးက ကျတော့်ကို မလုပ်စေတော့ပဲ သူကိုယ်တိုင် လုပ်တော့သည်။

ဦးက အကိုထွန်း၏ ဘားခြံဆီသို့ သူကိုယ်တိုင် ကားမောင်းပို့‌ေပးတတ်ပြီး ကျတော်သီချင်းဆိုပြီးသွားရင်လည်း
သူကိုယ်တိုင် လာကြိုသည်။
ထုံးစံ အတိုင်း ဒီဒီကတော့ မပါမဖြစ် ပါလာစမြဲပင်။

တနေ့ကို ကျတော်က သီချင်း (၄)ပုဒ် ဆိုရသည်။ သီချင်းဆိုပြီးရင် ဦး နှင့် ဒီဒီ လာကြိုသည့် ကားပေါ်တက်ပြီး အိမ်ကိုသာ ပြန်ခဲ့ရသည်။

ခါတိုင်းလို ပရိတ်သတ်တွေနှင့် စကားစမြည်ပြောတာမျိုး၊ဖိတ်သည့် ဝိုင်း၌ အတူတူ ထိုင်ပြီး အီစီကလီ စကားတွေ ပြောပေးရတာမျိုး၊အချိန်ပိုင်းနှင့် ငှားရင် အခကြေးငွေယူပြီး ချိန်းတွေ့ပေးရတာမျိုးတွေ မလုပ်ဖြစ်တော့။

အခုတလော ဦး စိတ်မကောင်းဖြစ်မှာ စိုးရိမ်ပြီး ပရိတ်သတ်တွေနှင့်ပင် စကားစမြည် အပြန်အလှန် မပြောဖြစ်တော့ သီချက်းလာဆိုသည်။အလှည့်ပြီးသွားရင်၊အပုဒ်ပြည့်သွားရင် တန်းပြီး ပြန်လာရလေသည်။

ကျတော်နှင့် ဦးရယ်၊ဒီဒီရယ် တို့၏ ဆက်ဆံရေးသည်လည်း အဆင်ပြေချောမွေ့နေလေသည်။နေ့ရက်တိုင်း ချစ်ခြင်း၊ပျော် ရွှင်မှု တို့ဖြင့်သာ ဖြတ်သန်းနေရလေသည်။

ယူမီနှင့် နောက်ထပ်တကြိမ် ထပ်မတွေ့ခင်ကအထိပေါ့လေ။
.................
ဒီနေ့ သီချင်းဆိုနေရင်း အောက်မှာ ထိုင်ကာ သီချင်းနားထောင်နေကြသူများထဲမှာ ယူမီ့ကို မြင်လိုက်ရတော့ တော်တော်လေးကို ‌စိတ်အနှောက်အယှက် ဖြစ်ရသည်။

အခုနောက်ပိုင်း ဘားခြံကို လာတတ်သည့် ဖောက်သည်တွေက အရင်တုန်းက လူတွေ သိပ်မရှိတော့ ဖောက်သည် အသစ်တွေသာ လာတာ များသည်။

အဲ့ဒီ ဖောက်သည် အသစ်တွေကလည်း ဘုန်းပြည့်ထည်ဟာ သီချင်းဆိုသူ သက်သက်ပဲ ဆိုတာကို သိကြတော့ ကျတော့်ကိုဆို သီချင်းနားထောင်သူ သီးသန့်တွေက သာ လာနားထောင်ကြတာ များသည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Tahanan ng mga kuwento. Tumuklas ngayon