part (16)

2.7K 128 4
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၆)
ဘုန်းပြည့်ထည် ခွင့်ယူထားသော ပထမရက်...ဖြစ်ပါသည်။

ဘုန်းပြည့်ထည် ရှိစဉ်အခါကရေခဲသေတ္တာ ထဲမှာ မပြတ်အောင်ထည့်ထား‌ေပးသော ကြက်ဥ၊ကြက်သွန်မြိတ်၊ဆီတို့ဟူး၊ဆားရည်စိမ်ထားသော ဒညင်းသီး၊မရမ်းသီး၊မုန်လာချဉ် တို့သည်လည်း

တမျိုး ဝယ်လာဖြည့်လိုက် နောက်တမျိုးက ကုန်သွားလိုက်နှင့် လုံးလည်လိုက်လေသည်။

အခန်းထဲ၌ ကျတော့် အဝတ်အစားများနှင့် ဒီဒီ့ အဝတ်အစား များ အနည်းငယ် ပုံနေချေပြီ။

လူလည်း မနက်စာပြင်လိုက်
ဒီဒီ့ကို မူကြိုကျောင်းကို လိုက်ပို့လိုက်ရ၊
ဒီကြားထဲ ဟို အတင်းစပ်စု၊အတင်းလိုက်ပြီး စကားဖွ တတ်လွန်းသော အမျိုးသမီးကိုလည်း မူကြိုကျောင်းကို လိုက်ပို့ရင်း မတွေ့ဖြစ်အောင် အရိပ်အခြေ ကြည့်ကာ ရှောင်ရသေးသည်။

ကျောင်းပို့ ပြီး ပြန်လာတော့ နေ့လည်စာ အတွက် ချက်ရ ၊ပြုတ်ရပြန်သည်။
ပြီးရင် အချိန်က ဘယ်လို ကုန်သွားသည်မသိ။နေ့လယ်စာ စားချိန်အမှီ ဒီဒီ့ကို အပြေးလေး သွားကြိုရသေးသည်။

ကျောင်းကြိုပြီး ပြန်ရောက်လာတော့ သားအဖနှစ်ယောက် အတူတူ နေ့လယ်စာ စားကြသည်။
စားသောက်ပြီး ဆေးကြော သိမ်းဆည်းပြီးရင် တကယ်ပင်ပန်းသွားရသည်။

နေ့လယ်ကျ ဒီဒီနှင့်အတူ ခြေပစ်၊လက်ပစ် အိပ်ကာ ရုပ်ရှင်ကြည့်သည်။
ပြီးရင် အိပ်ပျော်သွားတာနှင့် ညစာကို ဆိုင်တဆိုင်ဆိုင်မှာ သွားစားဖြစ်ကြသည်။
ပင်ပန်းတာကြောင့် ဧည့်ခန်းကိုပင် ဖုန်စုပ်စက်နှင့် ဖုန်မစုပ်နိုင်တော့ပဲ ဒီဒီ့ကို ပုံပြင်ပြောပြကာ သိပ်ရသည်။

မနက်ဖြန်ကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ စဉ်းစားလို့ မရတာကြောင့် ဘုန်းမြတ်ကို ဖုန်းဆက်ပြီး ညည်းညူမိသည်။

တော်သေးသည်
ဘုန်းမြတ်က ဘုန်းပြည့်ထည် ခွင့်ယူနေသည့် ကာလ အတွင်း သူ့အိမ်က အိမ်အကူကို ခဏ လွှတ်ပေးမည်ဟု ပြောရှာသည်။
သူ့အိမ်မှာ အိမ်အကူက နှစ်ယောက်တောင် ရှိတာကိုး။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Onde as histórias ganham vida. Descobre agora