part (24)

2.7K 118 5
                                    

ကျတော့်အတွက်တော့...သူသည်(BL)
အပိုင်း(၂၄)
ပန်းတွေ တပွေ့တပိုက် ကြီးကို သေသေချာချာလေး ပွေ့ပိုက်ကာ ဦးက အရင် ကားပေါ်က ဆင်းသွားသည်။ကျတော်က ကံ့ကော်ပန်းကုံးလေးတွေကိုကိုင်ကာ ဒီဒီ့ကို လည်း လက်တဖက်တွဲပြီး ဦးနောက်ကနေ လိုက်ရသည်။

ဘုရားပေါ်မှာ ဖြစ်သည်။
လူစည်ကား ရာ ဘုရားကြီးထက် အိမ်အနီးက ဘုရားကိုပဲ သွားဖြစ်ခဲ့ကြသည်။
အခါကြီး ၊ရက်ကြီးတော့ မဟုတ်ပေမယ့် ဒီဒီ့မွေးနေ့ဆိုတော့ အရေးကြီးတဲ့ အထိမ်းအမှတ် နေ့လေး တနေ့ မဟုတ်ပါ့လား။

အခါကြီး၊ရက်ကြီး မဟုတ်တာတောင်မှ ဘုရားပေါ်မှာ လူစည်ကားသည်။တရားလာထိုင်သည့် သူနှင့်၊အဓိဌာန် ဝင်ကာ
ပဌာန်းရွတ်ဖတ်ပူဇော်ကြတဲ့ သူတွေနှင့်၊အဓိဌာန်ပုတီး စိပ်ကြသူများနှင့် ရင်ပြင်တော်ပေါ်၌ ပြည့်နှက်နေကြလေသည်။

ဒါတောင် ရပ်ကွက်ထဲက အိမ်နှင့်နီးသည့် ဘုရား ဖြစ်နေလို့ပင် ဟု ကျတော် တွေးလိုက်မိသည်။

အမွှေးတိုင်များ၏ အနံ့များ၊
ဖယောင်းတိုင်များ၏ အခိုးအငွေ့များ၊
ပန်းအမျိုးမျိုး၏ မွှေးရနံ့များ၊
ထုံမွှန်းလို့နေလေသည်။

ဦးက ဘုရားပန်းတွေကို ပန်းအိုးတွေမှာ သေသေချာချာ လှလှလေး လိုက်ထိုးနေလေသည်။ဒီဒီ့ကိုတော့ ကံ့ကော်ပန်းကုံးလေးတွေ ကိုယ်တိုင် ကပ်လှူစေသည်။

ကျတော်ကတော့ အမွှေးတိုင်များ၊အလင်းတိုင်များ ထွန်းညှိပေးလိုက်သည်။

(၃)ယောက်အတူတူ ဘုရား ရှိခိုးကြသည်။ဒီဒီ့ကို ညတိုင်း ဩကာသ ဘုရားရှိခိုး သင်ပေးထားတာမို့ ဒီဒီလေးက သေသေချာချာပင်ရွတ်ဆိုတတ်နေချေပြီ။

ဦးက မနက်ဆိုလည်း ဒီဒီလေးကို သူနှင့်အတူ ဆွမ်းလောင်‌းသည့် အလေ့အထ လေးကို သင်ပေးသည်။
ညဆိုလည်း ဘုရားရှိခိုးပြီးမှ အိပ်တတ်အောင် သင်ပေးထားသည်။
သူလည်း ဘုရား ရှိခိုး ပြီးမှ အိပ်သည်။
အခုနောက်ပိုင်း ကျတော်လည်းပဲ မနက်ဆို ဆွမ်းနှင့်ဆွမ်းဟင်း ထချက်ကာ ဆွမ်းလောင်းသည်။ညဆို ဘုရားရှိခိုးပြီးမှ အိပ်လေ့ ရလာလေသည်။

ရင်ပြင်မှာ ထိုင်ကာ စိတ်ပါ၊လက်ပါ ဘုရားရှိခိုးနေသော ဦးမျက်နှာကိုသာ ထိုင်ကြည့်နေမိသည်။
ကြည်လင်ပြီး လန်းဆန်းနေတာပဲ ဘယ်သူကပြောလဲ? အသက်ကြီးနေပြီလို့ လို့လည်း တွေးနေမိသည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now