part (20)

3.1K 126 2
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၂၀)
ကျတော်က ဦးမသိအောင် တိတ်တခိုးလေး သဘောကျမိရုံ၊ချစ်မိလေးပါ ။
ဒါကို ဦးက ချက်ချင်းကိုပဲ ကျတော့်ဆီက ထွက်ပြေး ဖို့ ကြိုးစားလိုက်တာကို သိရတော့ စိတ်မကောင်းဖြစ်ရသည်။

ကျတော်က အဲ့ဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား?
လို့ တွေးကာ ဦးကို မကြာခဏ လှမ်းကာ၊လှမ်းကာ ငေးနေမိတော့သည်။

ထမင်းစား စားပွဲမှာ အတူတူ ထိုင်နေကြသည့် ဦးရယ်၊ဧည့်သည် မမရယ်၊ဒီဒီရယ် က တကယ့်ကို လိုက်ဖက်ညီတဲ့ မိသားစုလေး လိုပါပဲလား။?

ရုတ်တရက် ဆိုသလိုပါပဲ ကျတော့်အတွက် နွေးထွေးသည့် ဝန်းကျင်လေးကနေ ဘေးကိုရောက်သွားသလို ခံစားလိုက်ရသည်။

ဦးရယ် ကျတော် တယောက်တည်း အေးစက် သွားသလိုပါပဲ။တကယ့်ကို တယောက်တည်း ဖြစ်သွားသလို ခံစား
လိုက်ရတာပါပဲဗျာ။

ကျတော့်ကို မကြိုက်ရုံနဲ့တော့ ကျတော့်ဆီကနေ အတင်း ထွက်ပြေးဖို့ မကြိုးစားပါနဲ့ လား ? ဦးရယ်။

မဟုတ်သေးပါဘူး ဘုန်းပြည့်ထည်ရာ။
မင်း မရူးစမ်းပါနဲ့။ဦးက ပြောခဲ့ဖူးတယ်လေ။သူက မိန်းကလေးတွေကိုပဲ စိတိဝင်စားတာပါတဲ့လေ။ဘယ်ပြောနိုင်မလဲ?
အခုလာတဲ့ ဧည့်သည်မမကို ဦးက တကယ်သဘောကျလို့ အိမ်ကို ဖိတ်တာမျိုးလည်း ဖြစ်နေနိုင်တာပဲလေ။
ဟင်။ဒါဖြင့် ဦးက၊ဦးက ချစ်ရမယ့်သူ ရှိနေပြီပေါ့ ဟုတ်လား?။

ဒီအတွေးကမှ ကျတော့်ကို အမှန်တကယ် နာကျင်စေခဲ့သည်။

ကျတော်က တကယ်တော့ ဘေးလူပါပဲ ဦးရယ်။

...........
ဧည့်သည်မမ ပြန်သွားတော့ ဦးရယ်၊ဒီဒီရယ်က ခြံဝ အထိ လိုက်ပို့ကြ၊တာ့တာ တွေ ပြနေကြပေမယ့် ကျတော်ကတော့ သိမ်းဆည်းစရာ ရှိတာတွေ ကို သိမ်းဆည်းနေရင်း အိမ်ထဲကနေ လှမ်းကြည့်နေမိသည်။

ဘဝမှာ နွေးထွေးတဲ့ မိသားစု ဘဝလေးကို မျှော်လင့်မိတာ ကျတော်က မတန်မရာ လောဘကြီးနေတာမို့လို့လား?
လို့ တွေးရင်း မငိုပဲ မျက်ရည်ကျမိရသည်။

ဧည့် သည်မမ၏ကား  ထွက်သွားတော့မှဦးနှင့် ဒီဒီက လက်ချင်းတွဲကာ ရယ်ရယ် ပြုံးပြုံး ၊ရွှင်ရွှင် လန်းလန်း နှင့် အိမ်ထဲသို့ ပြန်ဝင်လာကြသည်လေ။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now