part (11)

2.8K 134 6
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၁)
ဟင်! ဘုန်းပြည့်ထည်ကရော သားသားလို မိတဆိုးလေးများလား?
သူနေမကောင်းရင်တောင် သူ့အတွက် လူမမာ စာ ချက်ပေးမယ့် သူ မရှိဘူး လို့ ပြောပုံထောက်တော့ မိဘ မရှိတဲ့ ၊တယောက်တည်း ရပ်တည်နေရတဲ့ ၊ကောင်လေး တယောက်များလား?

ဘုန်းပြည့်ထည်ကတော့ ချက်ချင်း ပြန်ပြီးအိပ်ပျော်သွားပေမယ့် သူ့ရင်ခွင်ထဲကနေ သူ့မျက်နှာလေးကို ကြည့်ကာ ကျတော်ကတော့ အတွေးများနေမိသည်။

အပြင်မှာ ရွာနေတဲ့ မိုးတွေက ခုထိ မတိတ်သေးချေ။တချက် ၊တချက် မိုးခြိမ်းသံကိုလည်း ကြား‌ေနရ‌ေသးသည်။
နောက်တော့ ကျတော်လည်း မှေးကနဲ အိပ်ပျော်သွားတော့သည်။

.........
ကျတော် ပြန်နိုးလာတော့ ဘုန်းပြည့်ထည်က မနိုးသေးပေ။ကျတော့်ကိုလည်း ဖက်တွယ်ထားဆဲပင် ။ကျတော် အသာအယာ ရုန်းထွက်ကာ နာရီကို ကြည့်လိုက်တော့ ညနေ (၆)နာရီကိုပင် ကျော်နေချေပြီ။

အခုချိန်ထိ အိပ်ပျော်နေသေးသော ဘုန်းပြည့်ထည်ကိုလည်း နိုးသွားအောင် မနှိုးရက်ပေ။သူ‌ေလး နိုးသွားမှာကို စိုးရိမ်ပြီး တိတ်တိတ်လေး ထ ရပ်လိုက်သည်။
ဘာကြောင့်များ အကြင်နာ‌ေတွ ပိုမိရသလဲဆိုတာ ကျတော်ကိုယ်တိုင်လည်း မသိချေ။

တဖက်ဆိုဖာပေါ်မှာ အိပ်ပျော်နေသော သားသား ကို ကြည့်လိုက်တော့ သားသားက နိုးနေချေပြီ။သူ့လှုပ်ရှားမှုကြောင့် တခြားသူတွေ နိုးသွားမှာကို စိုးရိမ်သိတတ်နေသည့် အလား ငြိမ်ငြိမ်လေး ထိုင်နေချေသည်။

ကာတွန်းကား မရှိတော့သော တီဗီကို ပိတ်လိုက်သည်။သားသား ကို ပွေ့ချီလိုက်တော့ သားသားက သူ့နှုတ်ခမ်း၏ရှေ့၌ လက်ချောင်းလေး နှစ်ချောင်းကို ကပ်ကာ အမူအရာဖြင့်
"ရှူး တိုး တိုး"

ဟူ၍ ပြောသည်။ကျတော် မနေနိုင်တော့ပဲ တချက်ရယ်ကာ သားသား၏ နဖူးလေးကို ငုံ့နမ်းလိုက်လေသည်။

"ဗိုက်ဆာနေပြီလား?"

"ဆာတယ် ဖေဖေ"

"လာ တို့သားအဖ ညစာ စား ရအောင်"

"ကိုကို့ကို ရော ကျွေးဘူးလား?"

"ကိုကို့အတွက်က စပါယ်ရှယ် ကြက်သားဆန်ပြုတ် ပြုတ်ထားတယ်။
သူနိုးမှ ပဲ ကျွေးတော့မယ်။
ခုလောလောဆယ်တော့ အိပ်ပ့ါစေ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now