part (3)

4.3K 211 6
                                    

ကျတော့်အတွက်တော့...သူသည်
အပိုင်း(၃)

"ဒီည နည်းနည်းနောက်ကျတယ်နော် ဘုန်းပြည့်"
သူ့အနားနားလေးကို ရောက်လာသော ကျတော့်ကို အကိုထွန်းက တိုးတိုးလေး ကပ်ပြောလာသည်။

"ဟုတ်တယ် အကိုထွန်းရေ အိမ်မှာ အဖေက ဟင်းမကြိုက်ဘူးဆိုလို့ ကြက်ဉကြော်ပေးနေရလို့ပါ"

ကျတော့် စကားကြောင့် အကိုထွန်းက ပခုံးကို လာပုတ်ပြီး

"ငါဘာမှ မလိုချင်ပါဘူးကွာ
မင်းလို သားမျိုးပဲ တယောက်လောက်ရချင်တာ"

"မိန်းမ အရင်ယူလိုက်လေ"

"ငါက ယူပါတယ်ကွာ။
သူတို့လေးတွေက မင်းကိုပဲ သဘောကျနေကြတာ"

အကိုထွန်းစကားကြောင့် ကျတော်တို့ နှစ်ယောက်သား တယောက်ကို
တယောက်ကြည့်ကာ
ရယ်လိုက်မိကြလေသည်။

"ဟား ဟား"

လောကဓံတရားက ဘယ်လောက်ပဲ ရက်စက်၊ရက်စက် ကျတော်တို့ စိတ်မနာနိုင်ကြပါဘူး။ရယ်စရာ၊မောစရာ အဖြစ်နဲ့ပဲ အဆုံးသတ်ဖြစ်ကြပါတယ်။

"စင်ပေါ် တက်တော့လေ။
မင်းကိုစောင့်နေကြတာ"

"ဟုတ်ကဲ့ပါ"

ကျတော် စင်ပေါ်ကိုတက်လာတယ်ဆိုရင်ပဲ မိန်းကလေးတွေ ဝိုင်းဆီမှ လက်ခုပ်သံတွေကိုကြားရသည်။

ပန်းကလေးတွေ ကြားထဲကို ရောက်သွားသလို ခံစားလိုက်ရသည်။
ဘဝရဲ့ အမောတွေ တဒင်္ဂတော့ ပြေပျောက်ရသည်။

ဂစ်တာလေးကို ထုတ်ကာ အသံစမ်းလိုက်သည်။သီချင်းဆိုရရင်ကို ကျတော်ပျော်နေပါသည်။
လက်ခုပ်သံတွေကြားမှာ ဆိုရတာဆိုတော့ ပိုပြီးပျော်ရတာပေါ့ဗျာ။
..............

ဆိုင်ထဲကိုဘယ်လို ဝင်လာမိခဲ့တာလည်းကျတော် သတိမထားမိခဲ့ပါဘူး။
ဘုန်းမြတ်ကသာ စားပွဲထိုး လေးကို သောက်စရာရယ်။အမြည်းရယ် လှမ်းမှာနေတာ ကျတော်က တော့ ငူငူငိုင်ငိုင်ကြီး ဖြစ်လို့နေသည်။

သုံးခွက်လောက်ဝင်သွားတော့ ကျတော် စပြီး ငိုတော့သည်။ကြူကြူပါအောင်ကို ငို‌ေနမိသည်။ငိုပဲ ငိုနေမိတာပါ စကားတွေ၊ဘာတွေ အော်ဟစ် ပြောနေမိတာမျိုးကိုတော့ မလုပ်မိပါဘူး။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now