part(4)

3.9K 211 4
                                    

ကျတော့်အတွက်တော့...သူသည်(BL)
အပိုင်း(၄)
ဖေဖေ့ ဈာပန အတွက် အစကနေ အဆုံးအထိ အကိုထွန်းက ကူညီသည်။ရပ်ကွက်ကလည်း ကျတော့်ကို ချစ်ကြ၊ခင်ကြ တာမို့ ကူညီကြသည်။စည်စည်ကားကား ကြီး မဟုတ်တောင် ချောချောမွေ့မွေ့နှင့်ပင် အောင်မြင်သွားချေပြီ။

ဆွမ်းသွပ် ရွှေချ ပြီးသွားသည့် အခါ အဲ့ဒီအိမ်ကလေးကို ပိုင်ရှင့်ထံ ပြန်အပ်ကာ အဖေ့ အဝတ်အစားလေးတွေ၊အဖေ့ ပစ္စည် လေး တချို့တလေကို သုံးလို့၊ပေးလို့ကောင်းတာလေးတွေ သူများကိုမျှဝေပြီး ပေးလို့၊ကမ်းလို့ မကောင်းတာလေးတွေကို ကျတော်ကပဲ အမှတ်တရ အနေနှင့် သိမ်းဆည်းလာခဲ့သည်။

အကိုထွန်းက သူ့ဘားမှာ လာနေပါ ဆိုသဖြင့် သူ့ခြံလေးထဲသို့ ရောက်လာခဲ့ချေပြီ။

.............
ဒီည သီချင်းဆိုပြီးတာနှင့် အခကြေးငွေယူပြီး အမျိုးသမီးတွေနှင့် ချိန်းတွေ့ပေးသည့် အလုပ်ကို လက်မခံတော့၊မလုပ်တော့ ဟူ၍ ဆုံးဖြတ်ထားလိုက်သည်။

စင်ပေါ်က ဆင်းလာတာနှင့် မိန်းကလေးဝိုင်းဆီမှ လက်ခုပ်သံတွေကို ကြားရလေသည်။

အဆက်အစပ် မရှိပဲနှင့် အဖေဆုံးသည့် ညက မူးမူးနှင့် ကျတော် သီချင်းဆိုသည့် ရှေ့၌ သောက်ရင်းလာငိုနေသည့် ညိုသန့်သန့် ဦးလေးကြီးကို သတိရလိုက်မိသည်။

"တနေရာရာမှာ တွေ့ဖူးသလိုပါပဲ"
လို့ တွေးနေမိသည်။
အနားသို့ အကိုထွန်းက ရောက်လာလေသည်။

"ဘာတွေ တယောက်တည်း ပြောနေတာလဲ?"

"အော် ဟိုတရက်က ကျတော် သီချင်းဆိုတဲ့ရှေ့တည့်တည့်ကို လာထိုင်တဲ့ ဦးလေးကြီးကို သတိရလိုက်မိလို့ ပါ။
တနေရာရာမှာ မြင်ဖူးသလိုပဲဗျ"

"အင်း အဲ့ဒီလူက သူဌေးကွ။
ဒါနဲ့ မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်"

အကိုထွန်းက ရုတ်တရက် အသံကိုအုပ်လိုက်တာမို့ ကျတော်လည်း ပိုပြီး စိတ်ဝင်စားသွားမိရသည်။အကိုထွန်း အနားသို့ ပိုပြီး တိုးကပ်သွားမိလေသည်။

"သူ့အမျိုးသမီးက သူ့ကိုထားခဲ့ပြီး ထွက်ပြေးသွားလို့တဲ့ကွာ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now