part (21)

2.9K 132 2
                                    

ကျတော့်အတွက်တော့သူသည်(BL)
အပိုင်း(၂၁)
ကျတော်ထင်သည့်အတိုင်းပင် ဘုန်းမြတ်က ဘာကြောင့် ဘုန်းပြည့်ထည် နေသည့် နေရာကို သိချင်ရတာလဲ?လို့ မေးလာသည်။

"နေပါဦး မိုးဆွေရ မင်းဆီက ဘုန်းပြည့်ထည်က တခုခုကို များ ယူသွားလို့လား?"

"မဟုတ်ပါဘူးကွာ။
ငါ သိချင်လို့ပါ။"

"ဟ သူကတောင် မင်းဆီမှာ မလုပ်ချင်တော့ လို့ အလုပ်ထွက်သွားတာပဲ။
လစာတွက်ပြီး ပေးမလို့ ဆို ငါကတဆင့်ပေးခိုင်းလို့လည်း ရနေတာပဲ"

"ဖုန်းနံပါတ်ပဲ ဖြစ်ဖြစ် ရချင်တယ်ကွာ"

"ဖုန်းနံပါတ်တော့ မသိဘူး။နေတဲ့ နေရာကိုတော့ ငါသိတယ်။လိုက်ပို့ ရမလား?"

"နေပါ့စေ။မင်း အလုပ်ရှုပ်တယ် ဆိုတာ ငါသိတယ်။ငါ့ဖာသာ ငါ တယောက်တည်း သွားမယ်။သူရှိတဲ့ နေရာကိုသာပြော"

"ဟင်း ဟင်း ဟင်း မိုးဆွေ၊မိုးဆွေ၊
သိချင်တော့ လည်း ဇွတ်ပါလား ကွာ။
တကယ်တော့ ငါ နည်းနည်းတော့ ရိပ်မိနေပြီကွ"

ဟင် ဘုန်းမြတ်က ဘယ်လိုလုပ်ပြီး‌ေတာ့များ ရိပ်မိသွားတာလဲ?ကဲ ရိပ်မိလည်း မတတ်နိုင်တော့ပါဘူး။မထူးလည်း နောက်ကျရင် သိသွားမယ့် အတူတူကိုလေ။

"အေး ဟုတ်တယ် မင်းထင်တာ မှန်တယ်ကွ"

"ဒါထက် ဘုန်းပြည့်ထည်ရဲ့ အစ်မ လား?
ညီမ လား?သူ့ညီမ ဆိုရင်တော့ မင်းနဲ့ အသက်တော်တော်ကွာမှာကွ"

အော် ဘုန်းမြတ်၊ဘုန်းမြတ် သူထင်ချင်ရာတွေ ထင်နေတော့တာပဲ။သူရိပ်မိတယ်ဆိုလို့ တကယ်ရိပ်မိနေတာများလား လို့ စိတ်ပူလိုက်ရတာ ဟား ဟား။

"သူ့မှာ အစ်မတွေ၊ညီမတွေ ရှိလို့လား?"

"ဟင် ငါ ဘယ်သိပါ့မလဲ?
မင်းပဲ သူ‌ေနတဲ့ နေရာကို အသည်းအသန် မေးနေတာကိုး"

"သူ့အစ်မကိုလည်း မဟုတ်ဘူး။
သူ့ညီမ ကိုလည်း မဟုတ်ဘူး။
သူ့ကို ကွ သိပြီလား?"

"ဟင်"

အံ့ဩ သွား လည်း မတတ်နိုင်ဘူး။
ကိုယ့် ဖြစ်တည်မှုကို သိသွားလို့ ကိုယ့်အပေါ် ပြောင်းလဲ သွားလည်း ကျတော် ခံရမှာပါပဲ။
အရှိကို အရှိအတိုင်း လက်ခံလိုက်ရုံက လွဲလို့ ကျတော်တို့ ဘာကိုများ တတ်နိုင်မှာတဲ့လဲ။?
ယောက်ျားလေးက ယောက်ျားလေးကို ချစ်တာဟာ အကျင့်ဆိုး တခုလည်း မဟုတ်ဘူးလေ။
ပြီးတော့ ကျတော်က တွေ့ကရာ ယောက်ျားလေးတွေကို သဘောကျတာလည်း မဟုတ်ဘူးလေ။
ဘုန်းပြည့်ထည် တယောက်တည်းကိုပဲ သဘောကျမိတာ မဟုတ်လား?။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now