part (30) The end

6.6K 172 1
                                    

ကျတော့်အတွက်တော့ သူသည်(BL)
အပိုင်း(၃၀)ဇာတ်သိမ်းပိုင်း
(၂)နှစ်ခန့်ကြာပြှီးနောက်.........
ဒီနေ့ ဘုန်းပြည့်ထည် တယောက် နယ်ဘက်ကို အလုပ်ကိစ္စနှင့် ခရီးသွားနေသည်။အမှန်တကယ်ဆို ကျတော် သူ့ကို မခွဲနိုင်ပါဘူး။အခုလို ကျတော့်ဘဝရဲ့ အမှတ်တရ နေ့ရက်မျိုးမှာဆို ပိုပြီး သူ့ကို အနားမှာ ရှိနေစေ့ချင်သည်။

ဒါပေမယ့် သူ့ကို အနားမှာ ရှိနေစေချင်ရုံလေးနဲ့တော့ အလုပ်ပျက်၊အကိုင်ပျက် မဖြစ်စေချင်တာ အမှန်ပါပဲ။
အဲ့ဒါကြောင့်သာ သူက မသွားပါဘူး ဆိုတဲ့ကြားက ဇွတ်အတင်းစေလွှတ်ခဲ့တာ ဖြစ်သည်။

"ဦးကလည်း ကျတော် ပွဲ လက်ခံထားတာကို ဖျက်လိုက်မယ်။ဦးရဲ့ ပြခန်းဖွင့်ပွဲ မှာ ဦးရဲ့ အနားမှာပဲ နေချင်တယ်"

"ဘုန်းပြည့်ထည် မင်းက ကလေးလေးလား?မင်းရဲ့ ပရိတ်သတ်တွေနဲ့ မင်းကိုမှ ငှားချင်ပါတယ်ဆိုတဲ့ မြို့လေး အတွက် ထည့် မစဉ်းစားတော့ဘူးလား?
ရိုးရိုး လူ မဟုတ်တော့ဘူးလေ။
Professional ဖြစ်နေပြီ"

ဘုန်းပြည့်ထည်က အသက်နည်းနည်း ကြီးလာတာက လွဲရင် အရင်တုန်းက အတိုင်းပဲ ကြမ်းပြင်ပေါ်ကို ဝုန်းကနဲ ထိုင်ချလိုက်ပြီး ကျတော့်ခြေထောက်တွေကိုသာ ပြေးဖက်ထားပြန်သည်။

"ဦး"

ကျတော်တို့၏ မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ထိုင်နေသည့် ဘုန်းပြည့်ထည်၏ မန်နေဂျာ ကောင်လေးကတော့ စိတ်ပျက်လက်ပျက်နှင့်သာ ဘုန်းပြည့်ထည်ကို လှမ်းကြည့်နေလေသည်။

အသက်(၆)နှစ်ကျော် ဖြစ်လာသည့် ဒီဒီက ကာတွန်းကား ကြည့်နေရာကနေ ကျတော်တို့ကို တိတ်တိတ်လေး ခိုးရယ်နေလေသည်။

"ဘုန်းပြည့်ထည် ဦး ပြောတဲ့ စကားကို နားထောင်နော် မင်း အဲ့ဒီပွဲကို ဖျက်ရင် မင်းကို ငါ့အိမ်ကနေ နှင်ထုတ်လိုက်မှာပဲ"

"ဦး"

ကျတော်က ခြိမ်းခြောက်မည့် သာ ခြိမ်းခြောက်ရသည် နာမည်ကြီး အဆိုတော်တယောက် ဖြစ်လာသည့် ဘုန်းပြည့်ထည်၏ ဝင်ငွေတွေက တလ၊တလ နည်းနည်းနောနောမှ မဟုတ်ဘဲ။
အနည်းဆုံးတော့ အခုအခြေအနေနှင့်ဆို ကျတော့်လို အိမ်မျိုး (၃)လုံးလောက်ကို အသာလေး ပစ်ပြီးဝယ်နိုင်နေလေပြီ။

You've reached the end of published parts.

⏰ Last updated: Jun 22, 2023 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now