part(14)

2.6K 129 7
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၄)
ဦးက ကျတော့် ပွေ့ချီထားရာက ‌ေန သူ့ရင်ခွင်ထဲ ခုန်ဝင်လာသော ဒီဒီ့ကို ဆီးကြိုပြီး ပွေ့ချီလိုက်သည်။

ကျတော် မျက်နှာပူလိုက်တာ။
အတင်းပြောနေတာတော့ မဟုတ်ပေမယ့် စိတ်အချဉ်ပေါက်ပေါက်နှင့် သူ့သားဆီမှာ သူ့အဖေ၏ မကောင်းကြောင်းတွေ ပြောလိုက်သလို ဖြစ်နေသည်။

ဒါပေမယ့် ဦး က သူ့ကားဆီသို့ ထွက်သွားတော့ ကျတော်လည်း နောက်ကလိုက်ရသည်။
ကားမောင်းသူထိုင်တဲ့ ဘေးခုံလေးမှာ ဒီဒီ့ကို ထိုင်စေလျှက် ခါးပတ်လည်း ပတ်ပေးနေသည်။
ပြီးမှ ကားထဲကို မဝင်သေးပဲ ကားတံခါးပေါက်မှာ လက်နှစ်ဖက်ကို ပိုက်ကာ ရပ်ပြီး ကျတော့်ကို ကြည့်သည်။

ကျတော်လည်း ကားနောက်ခန်းထဲကို မဝင်ပဲ ရပ်နေလိုက်ရသည်။
ခေါင်းက သူ့အလိုလို ငုံ့သွားမိသည်။
..............
မူးတော့ မူးပြီး မှောက်နေခဲ့တာပါပဲ။
ဒါပေသိလို့ ဘုန်းပြည့်ထည် က တိုးတိုးလေး ကပ်ပြောသွားသည့် စကားတွေ ကို ကျတော် ကြားလိုက်သည်။

သူကျတော့် ကို သဘောကျနေတာပဲ လို့ သိလိုက်ရချိန်မှာတော့ ကျတော် မပျော်တော့ဘူး။
ကျတော်က ရည်းစားထားတုန်းကလည်း မိန်းကလေးတွေနဲ့ ပဲ တွဲခဲ့တာဖြစ်ပြီး။
လက်ထပ်တုန်းကလည်း မိန်းကလေး နဲ့ပဲ လက်ထပ်ခဲ့တာ ဖြစ်သည်။

ဘဝမှာ ယောက်ျားလေး အချင်းချင်း တွဲတယ်ဆိုတာ မြင်ဖူး၊ကြားဖူး၊တွေ့ကြုံဖူးပေမယ့် ကျတော်နှင့်တော့ မသက်ဆိုင်ဘူး လို့သာ ထင်မြင်ခဲ့သည်။

ဘုန်းပြည့်ထည်က ကျတော့်မျက်စိထဲ၌ အချိန်တိုင်း ချစ်စရာကောင်းသည်။

ဘားမှာ သီချင်းဆိုသည့် ကောင်လေး တယောက်ဖြစ်ပေမယ့် ရိုးသားပြီး ကြိုးစားနေတဲ့ လူငယ်တယောက်မို့ ကျတော် သူ့ကို လေးစားသည်။

အိမ်အကူ လုပ်တာ သပ်ရပ်သည်။ဟင်းချက်ကောင်းသည်။ကလေးချစ်တတ်သည်။ရိုးသားသည် ဒါတွေကြောင့်လည်း သဘောကျရသည်။

ဒါပေမယ့် တွဲရမယ် ဆိုရင်တော့ မိန်းကလေး တယောက်နှင့်သာ တွဲချင်သည်။ယောက်ျားလေး တယောက်နှင့် မတွဲချင်ပေ။
သူ့ဆီမှာ စိတ်ခံစားချက်တွေ ရှိနေရင် ပြတ်ပြတ်သားသား ငြင်းထားရမည်။ဒါမှ သူလည်း နောက်ဆုတ်သာလိမ့်မည်ဟု ကျတော် ထင်သည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now