part (23)

3K 111 4
                                    

ကျတော့်အတွက်တော့ သူသည်(BL)
အပိုင်း(၂၃)
တလခန့်ကြာသော အခါ....

"ဟေ့ ပူတူတူးလေး ထတော့လေ"

"ဟိတ် ပူတူတူးလေး ထတော့လေ ခစ် ခစ် ခစ်"

ကျတော့် အနီးမှာ လာပြီး ဆူညံနေကြသော သားအဖ နှစ်ယောက်ကြောင့် ကျတော့် မျက်လုံးတွေကို ကြိုးစားပြီးတော့ ဖွင့်လိုက်ရသည်။

ညက ဒီဒီ့ကို ပုံပြင်ပြောပြပြီး သိပ်လိုက်ရတော့ နောက်ကျမှ ဦးနှင့် ကျတော်တို့၏ အခန်းသို့ ပြန်ရောက်သည်။

ညဉ့်နက်နေပါပြီ လို့ ပြောတာတောင် မရဘဲ ဆိုးနေသော ဦး တယောက်ကြောင့် ‌အိပ်ရေးပျက်ခဲ့ရပြန်သည်။

ဟောကြည့်
ခုကျ သူတယောက်တည်း လာနှိုးရင် မထဘူး ဆိုတာကို သိတော့ ဒီဒီ့ကိုပါ စစ်ကူ ခေါ်လာပြန်လေသည်။
ဦးသည် လူလည်ကြီး တယောက်ဖြစ်ပါသည်။

ည ည ဆိုလည်း လူဆိုးကြီး တယောက် လည်း ဖြစ်သေးသည်။

မျက်လုံးပွင့်ပွင့်ချင်း ကျတော်တို့အိပ်ရာပေါ်က ကျတော့်နံဘေး၌ ကပ်၍ ထိုင်နေသော ဒီဒီ့ကို မြင်လိုက်ရသည်။
ပါးဖောင်းဖောင်း ဝဝ ကစ်ကစ် နှင့် ဖြူလုံးတုတ်လေး ဖြစ်နေသော ဒီဒီ့ကို လှမ်းဖက်ကာ ပါးလေးတွေကို နမ်းပစ်လိုက်မိသည်။

သူ့အဖေ ဖြစ်သူက ကျတော့်ကို ပူတူတူးလေးလို့ ခေါ်ပြီး နှိုးတာကို သူကပါ ပူတူတူးလေးဟု လိုက်ခေါ်သည့် ငတုံးလေးမို့ ချစ်ရသည်။

ဟွန့် သူ့အဖေလို လူလည်ကြီး ဖြစ်မလာသေးလို့ တော်သေးသည်။

"ထတော့ အချစ်လေးရ
ဦး ထမင်းကြော် ကြော်ထားပြီ။"

ကျတော် ဒီဒီ့ကို ဖက်ကာ တဖက်သို့ လှည့်ပြီး အိပ်လိုက်သည်။ကျတော့်အိပ်ရာ ကုတင် နံဘေး၌ ကပ်ပြီး ရပ်နေသော ဦးကို နောက်ကျောပေးရက်သား ဖြစ်သွားလေသည်။

"ဘာလဲ အထာပေးနေတာလား အဲ့ဒါက။
ထမင်းကြော်က ပုစွန်ထောပတ် ထမင်းကြော်နော်။
ပြီးတော့ ကိုက်လန် ကြော်ရော။
ကြက်ပေါင်သား ပေါင်မုန့်ကပ်ကြော်ရော။
ငှက်ပျောသီး ထောပတ်ကြော်ရော။
ထောပတ်သီးသုပ်ရော။
ပန်းသီးဖျော်ရည်တောင် ဖျော်ပေးထားတာနော်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Onde histórias criam vida. Descubra agora