part (10)

3.1K 146 2
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၀)
စိတ်လှုပ်ရှား သလိုလို၊ပျော်နေသလိုလို ခံစားချက်မျိုးဖြင့် မနက်စာ ထမင်းဝိုင်းကို ဝင်ထိုင်လိုက်ရသည်။

စိတ်ထဲမှာလည်း အိမ်အကူက နေမကောင်းဖြစ်လို့ အိမ်ရှင်က ပြန်ချက်ကျွေးရတယ်ဆိုတာကြီးကို လက်မခံချင်သလို၊

တဖက်က ကြည့်ပြန်တော့လည်း
ကိုယ် နေထိုင်မကောင်း ဖြစ်နေဆဲမှာ ကိုယ် ခံစားချက် ရှိနေရတဲ့ လူက ချက်ကျွေးတာကို စားချင်နေမိသည်။

တကယ်ပါပဲ စိတ်တွေဟာ ခံစားချက်တွေကြောင့် သင့်တော်၏၊မသင့်တော်၏တွေ မစဉ်းစားနိုင်လောက်အောင်ကို ဖြစ်နေရသည်။

ဦးကို ကြည့်လိုက်တော့ ပေါ့ပေါ့ပါးပါးပင် ဘာမှ မဖြစ်သလို၊
စားပွဲဝိုင်းပေါ်မှာ ဦးက သူ့အတွက်ကိုတော့ ပေါင်မုန့်နှစ်ချပ် ကြားထဲတွင် ကြက်ဥကြော် ထည့်ထားသည်။ခရမ်းချဉ်သီးလည်း ပါသည်။ငါးဖယ်သားပြားကြော်လည်းပါသလို၊သခွားသီးလက်ကျန်ကိုလည်း လှီးထည့်ထားဟန်တူသည်။ငှက်ပျောသီးကြော် ပျားရည်ဆမ်းလည်းပါသည်။

ကျတော်နှင့် ဒီဒီ ့အတွက်တော့ ကြက်သား မြူစွမ် ခေါက်ဆွဲပြုတ်ဖြစ်ပြီး  ပဲပင်ပေါက်နှင့်ရွှေပဲသီး တရုတ်နံနံ၊ငရုတ်ကောင်း တို့ကိုပါ ထည့်ပေးထားသည်။အရည်နည်းနည်းလေးထည့်ပြီး နူးနူးအိအိ လေး ပြုတ်ထားသည့် ခေါက်ဆွဲပြုတ်ကြောင့် သွားရည်‌ပင် ကျတော့ မလိုလို ဖြစ်အောင် စားချင်စိတ်ကို ဖြစ်စေသည်။

"စားကြည့်လေ ဘုန်းပြည့်ထည် မင်းခံတွင်းတော့ မပျက်ပါဘူးနော်"

ဒီဒီကတော့ ခေါက်ဆွဲပြုတ်ချို နူးနူးအိအိလေးကို ခပ်ပြီး အားရပါးရ စားနေပေမယ့် ကျတော်က ထိုင်ကြည့်နေမိတာကြောင့် ဦးမိုးဆွေတေးက ပင် သတိပေးယူရသည်။

"ဟုတ်ကဲ့ ကျတော် ခံတွင်း မပျက်ပါဘူး ဦး။ကျတော် နေမကောင်းဖြစ်ရင်  လူမမာစာ စားရတာ ဒါ ပထမဦးဆုံး မို့ပါ"

ကျတော့် စကားက အပိုမဟုတ်ဘူး ဆိုတာကို မျက်နှာ၊မျက်လုံးတွေကို ကြည့်ပြီး ဦးလည်း သိနေမှာပါလေ။
ဒါကြောင့်မို့ပဲ ဟာသ မလုပ်ပဲ ခပ်နွေးနွေးလေး တချက် လှမ်းကြည့်တာပေါ့။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now