part(22)

3.2K 142 5
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၂၂)
"ဟင်.....ဦး"
ထင်မှတ်မထားဘဲနှင့် ဟင်းချက်နေသော ကျတော့် အနီးသို့ ဒီဒီနဲ့ ဦး တို့ ရုတ်တရက် ရောက်လာတာကို မြင်လိုက်ရတော့ ကျတော် တော်တော်ကြီးကို ပျော်သွားလေသည်။

အမှန်က အခုလေးတင် ဝမ်းနည်းနေခဲ့တာ။အကိုထွန်းက နားနားနေနေ နေပါ ဘုန်းပြည့်ရ လို့ ပြောတာတောင် ဦးကို မေ့ချင်တာနှင့် အလုပ်တွေကို အဆက်မပြတ် လုပ်နေမိတာပင်။

ချိုမြနေသော ဦး မျက်နှာကို ကျတော်က အကြာကြီး ငေးမောကာ မျောနေမိလေသည်။

"ဪ ဧည့် သည်တွေ ရောက်နေတာပဲ။
ဘုန်းပြည့် ခြံထဲကို ခေါ်သွားလေ။ဟင်းတွေလည်း ထားခဲ့ လိုက် မင်းအကိုတွေ ဆက်လုပ် လိမ့်မယ်"

စားဖိုမှူး အကိုတွေကလည်း မျက်နှာရိပ်၊မျက်နှာကဲ ခတ်တတ်သူများ ပီပီ ကျတော့်ကို ကြည့်ကာ ပြုံးစေ့စေ့နှင့်ပင် မီးဖိုထဲက နေ တွန်းထုတ်ကြလေသည်။

"ဟုတ်တယ် ဘုန်းပြည့် သွား သွား ဧည့်သည်ရောက်နေတာ ကို ခြံထဲ ကို ခေါ်သွားလေ"

လို့လည်း ပြောကြသေးသည်။
ဦး ကတော့ အကိုထွန်း ဘက်သို့ လှည့်ကာ ပြုံးပြနေလေသည်။

"ဒီက ညီလေးနဲ့ တခါဆုံဖူးတယ် ထင်တယ်နော် အကို့ကို မှတ်မိလား?"

"မှတ်မိပါတယ်ဗျာ။
ကျတော်က ကျတော့်ဆိုင်ကို တခါလာဖူးရင်ကို မှတ်မိနေတာ"

အကိုထွန်းက  လူမှုရေးကောင်းသူပီပီ စကားတွေကို ရွှန်းရွှန်းဝေအောင်ပြောတတ်ပေသည်။
သူ့အဖေ ၏ လက်ကို ဆွဲကာ ကျတော့်ကို မော့ကြည့်နေသော ဒီဒီ့ ဘက်သို့ပါ လှည်ကာ

"သားသား က ချစ်စရာလေးပါ့လား?
ဖေဖေနဲ့ ကိုကို စကားပြောပါ့စေ
ဦးဦး နဲ့ သီချင်းဆိုတာသွားကြည့်ကြမလား။
မုန့်ကျွေးမယ်လေ "

ဒီဒီက ဘာရယ်မဟုတ်ဘူး ကလေးဆိုတော့ သီချင်းဆိုသည့် အနားကိုလည်း သွားကြည့်ချင်တာလား?
မုန့်ပဲ စားချင်လို့လားတော့ မသိ အကိုထွန်း၏ လက်ကို ဆွဲကာ အကို ထွန်းနှင့် ပါသွားလေသည်။

"ဒီဒီက အာလူးကြော် စားမှာ"

"အေး အာလူးကြော်ရော၊ငါးမုန့်ကြော်ပါ ကျွေးမှာ လာ လာ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now