part (29)

2.8K 113 1
                                    

ကျတော့်အတွက်တော့ သူသည်(BL)
အပိုင်း(၂၉)
အိမ်ရှေ့ကိုလည်း ရောက်ရော ဦးက ကားပေါ်ကနေ ဒီဒီ့ကို ပွေ့ပြီး ဆင်းချသွားရော ကျတော့်မှာသာ ဦးနောက်ကို ဒရောသောပါး ပြေးလိုက်သွားရလေသည်။

အိမ်ထဲကို ရောက်တော့ ဦးက ဒီဒီ့ကို

"ဒီဒီ သား"

"ခင်ညာ"

အမှန်ဆို ဒီဒီက "ခင်ဗျာ "ကို" ခင်ဗျာ" လို့ ပီပီသသ ထူးတတ်နေပြီ။အခုည သူ့အဖေ ခေါ်လိုက်တဲ့ လေသံကြီးနဲ့ သူ့အဖေ ရဲ့ မုန်ယို နေတဲ့ မျက်နှာ ကြီးကြောင့် မော့ကြည့်ပြီး လန့်သွားဟန်ရှိသည်။
မပီမသ အသံလေးနှင့် ထူး‌ေနသည်။

"သား အခန်းထဲကို သွားနေနေချေ။
ရှူးရှူး ပေါက်ထား ၊ သားကြိုက်တဲ့ ပုံပြင်စာအုပ် ရှာထားနော်။ခဏနေရင် ဖေဖေ ပုံပြင် လာဖတ်ပြမယ်။သားရဲ့ အရုပ်လေးနဲ့ အတူတူ လုပ်နော်"

"ဟုတ်ကဲ့"

ဒီဒီက လှည့်ကြည့် ၊လှည့်ကြည့် ပုံစံလေးနှင့် သူ့အခန်းထဲကို ဝင်သွားလေသည်။

"ဘုန်းပြည့်ထည်"

ဒီဒီလည်း သူ့အခန်းထဲသူ ရောက်သွားရော ကျတော့် အလှည့် ရောက်လာလေသည်။

ကျတော် ခေါင်းကိုငုံ့ထားမိသည်။ယူမီက  ကျတော့်နှုတ်ခမ်းတွေကို နမ်းနေတဲ့ အချိန်မှာ ဦးရောက်လာတာပဲ။
ဦး မြင်သွားမှာပေါ့။ဒါပေမယ့် ကျတော် ဦးကို သိစေချင်တာ အဲ့ဒီအနမ်းက ကျတော် ခွင့်ပြုလိုက်တဲ့ အနမ်းလည်း မဟုတ်ဘူး ဆိုတာပါပဲ။ကျတော်တောင် မသိလိုက်ခင် သူ့ဘာသာသူ ဇွတ်အတင်း ဖန်တီးယူသွားတဲ့ အကြောင်း ကျတော် ဦးကို ပြောပြချင်တယ်။

"ဗျာ"

"ထိုင်ပါအုံး"

ကျတော် ဆိုဖာပေါ်မှာ ကုပ်ကုပ်လေး ထိုင်လိုက်မိသည်။ကျ ‌ေတာ့်‌ေခါင်းကို မော့လို့မရ ။သူ့အလိုလို ငုံ့မိရက်သားဖြစ်နေသည်။

"သူ မင်းကို အဲ့ဒီလိုတွေ နှောက်ယှက်နေတာ ဘယ်နှရက်ရှိပြီလဲ?"

"ဟို တပတ်လောက်တော့ ရှိပြီ ထင်တယ် ဦး ဟို ဟိုလေ နမ်းတာက အခုမှပါ ၊ခါတိုင်း အဲ့ဒီလောက် မဆိုးပါဘူး"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now