part (17)

2.8K 137 2
                                    

ကျတော့်အတွက်တော့..သူသည်
အပိုင်း(၁၇)
တံခါးချပ်လေး အလှပ်၌ ပေါ်လာသော ဘုန်းပြည့်ထည်၏ မျက်နှာ ဝင်းဝင်းမွတ်မွတ်‌ေလး၊မျက်ခုံး ထူထူတန်းတန်းလေး က သူ့မျက်နှာလေးထက်ဝယ် ထင်းကနဲ
၊မမြင်ရတာ ကြာလို့ ထင်သည်(နှစ်ရက်လေး မမြင်ရတာကို ကြာလို့ ထင်သည်တဲ့လေ ငါ့နှယ် ဘယ်လိုတွေတောင် တွေးပစ်လိုက်တာလဲ မိုးဆွေတေး ရယ်)
ပိုပိုပြီး ချစ်စရာ ကောင်းလာနေသည်။

"ဟော ရောက်လာပြီလား?
ဘုန်းပြည့်ထည်"

ဘုန်းပြည့်ထည်က ပုံမှန်ပါပဲ ဖိနပ်ချွတ်မှာ သူ့ဖိနပ်လေးကို ချွတ်လိုက်ပြီး အိမ်ထဲစီး ဖိနပ်ကို ကောက်စွပ် လိုက်လေသည်။

လက်ထဲက သူဈေးဝယ်လာတဲ့ အထုပ်တွေကို ဆွဲကာ ဘေစင်ဆီသို့ သွားသည်။
အထုပ်ကို ဘေစင်မှာ တင်သည်။
ရေခဲသေတ္တာ ကို ဖွင့်သည်။

အသီး အရွက်၊အသားငါး ထည့်သည့် ပလတ်စတစ်ဘူး အကြည်အလွတ်လေးတွေကို ယူသည်။
ယူနေရင်းကနေ

"ကြက်ဥတွေနဲ့ ဆီတို့ဟူးတွေ ဝယ်ဖြည့် ထားတာပဲ။ကျတော် ဆီတို့ဟူး မဝယ်ခဲ့ရတာနဲ့ အတော်ပါပဲ။ကြက်ဥတွေတော့ ထပ်ဝယ်လာခဲ့သေးတယ်။"

လို့ သူ့ဖာသာသူ တယောက်တည်း ပြောသလိုလို၊ကျတော့်ကို ပြောသလိုလို ပြောနေသည်။
ပြီးတော့ ဘေစင်ဆီသို့ ပြန်သွားပြီး ပလတ်စတစ် ဘူးအကြည်လေးတွေကို ဆေးနေသည်။

"ကြက်ဥက ရပါတယ် ။ဒီနေ့ အတွက် သုံးလိုက်ရင် ကြက်ဥ ကတ်က လွတ်သွားအုံးမှာ အဲ့ဒီတော့မှ အခုဝယ်လာတာတွေ ထပ်ဖြည့်လိုက်မယ်"

ကျတော်ဘာမှ ပြန်မဖြေဖြစ်သလို၊ဘာမှလည်း မတုံ့ပြန်ဖြစ်ချေ။
နံရံမှာ လက်ကို ထောက်ပြီး ရပ်ကာ
သူ့ကိုသာ ပြုံးပြီး ငေးကြည့်နေမိသည်။

ကြည့်ပါအုံး ပုံစံကိုက
သူ့ကိုယ်သူ ခရီးထွက်ရာက ပြန်လာသည့် ဇနီးသည်လေး သဖွယ် ခင်ပွန်းဖြစ်သူ၏ အိမ်အလုပ်တွေ ထောင့်မစေ့ ပုံကို တဖျစ်တောက်တောက် ပြောနေပုံလေး။

ဘူးအကြည်တွေကို ဆေးပြီးတော့
ပုစွန်ထုပ်တွေကို သေချာ ဆေးနေလေသည်။ဘူးထဲသို့ ထည့်ကာ ပိတ်ထားလိုက်သည်။
နောက်တော့
ကြက်သား.......
ငါးတွေကိုပါ ရေဆေးပြီး ဘူးအကြည်ထဲသို့ ထည့်ကာ ရေခဲသေတ္တာ ထဲသို့ ထည့်သည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now