part (6)

3.7K 177 4
                                    

ကျတော့်အတွက်တော့.သူသည်(BL Fic)
အပိုင်း(၆)
ဒီနေ့မနက် အိပ်ရာက နိုးလာလာချင်း ‌အချိန်က စောနေသေးသည်မို့ သားသားကို မနှိုးသေးဘဲ အိမ်တခုလုံးကို လျှောက်ကြည့်နေလိုက်မိသည်။

(၂)ရက်ကျော်သွားပြီ ဘုန်းပြည့်ထည်က တကုပ်ကုပ်နှင့် ခန်းဆီးအကြီးကြီးတွေကိုရော၊အသေးလေးတွေကိုရော လဲပေးသွားပြီ။ဧည့်ခန်းထဲက ဆိုဖာတွေကိုလည်း ပုံစံရော၊အရောင်ရော မတူတာနှင့် လဲပေးသွားပြီးပြီ။

ကျတော်နှင့် သားတို့၏ အိပ်ခန်းတွေကိုလည်း မွေ့ရာခင်းတွေ၊ခေါင်းအုံးဖုံးတွေလဲပေးပြီးသွားပြီ။

အရောင်တွေက တောဆန်လား? ဘိုဆန်လား ဆိုတာထက် သားသားမေမေ၏ အငွေ့အသက်တွေ ရမနေ‌ေတာ့တာကိုပဲ ကျတော် သဘောကျမိသည်။

အမြန်မေ့ပျောက်ပါရစေတော့။

"တီးတောင်"

ဟော ဘုန်းပြည့်ထည် ရောက်လာပြီထင်သည်။ကျတော်က တပတ်စာ ဈေးဖိုးကြိုပေးထားတတ်တာမို့ မနက်အစောဆို ဈေးဝယ်လာတတ်သည်။
ပထမဆုံး တရက်ပဲ ကျတော်ချက်ကျွေးတာကို စားပြီး နောက်ရက်တွေက စလို့ ဘုန်းပြည့်ထည်ကပဲ မီးဖိုထဲဝင်ပြီး ချက်ပြုတ်တော့သည်။

သူ့လက်ရာလေးက တကယ့် အိမ်ချက်လက်ရာ ဖွယ်ဖွယ်ရာရာ လေးတွေဆိုတော့ ကျတော်လည်း ထမင်းမြိန်ရသလို သားသားအတွက်လည်း ဘေဘီထမင်းဆုပ်လုံးလေးတွေ၊ပန်းပွင့်ပုံ အသီး‌ေလးတွေ၊အသည်းပုံ ကြက်ဥကြော်လေးတွေ လုပ်ပေးတတ်တာမို့ ဘုန်းပြည့်ထည်ကို အိမ်အကူအဖြစ် ရွေးချယ်မိတာ မှန်တယ်လို့ တွေးမိလာသည်။

တံခါးချပ်ကလေး ပွင့်သွားတာနှင့် နေရောင်ခြည် မကျတကျလေး၏အောက်ဝယ် အဝါရောင်တီရှပ်
လက်ရှည်လေးနှင့် ဘောင်းဘီတို ကော်ဖီရောင်လေး ဝတ်ထားသော ဘုန်းပြည့်ထည်ကို လန်းလန်းဆန်းဆန်းပုံစံလေးနှင့် မြင်‌ေတွ့လိုက်ရလေသည်။

ဒီကောင်လေးက ချစ်စရာကောင်းလိုက်တာ လို့ ဖျတ်ကနဲ တွေးမိလိုက်‌ေလသည်။

"ချစ်စရာတွေ ဝယ်လာတာလား?"

"ခင်ဗျာ ၊ဟိဟိ၊ ဟုတ်တယ် ဦး ၊ကျတော်ဈေးဝယ်လာတာ"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now