part (15)

2.8K 146 4
                                    

ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၁၅)
အိပ်ရာထဲကို ပြန်မဝင်ချင်တာနှင့် ရေခဲသေတ္တာ ကို ဖွင့်ကြည့်မိသည်။
ကြက်ဥတွေကို မပြတ်အောင် ဝယ်ထည့်ထားပေးတတ်သည့် ဘုန်းပြည့်ထည်၏ လက်ရာ၊ခြေရာ ကြက်ဥတွေကို အပြည့်တွေ့ရသည်။

ကြက်သွန်မြိတ်တွေ၊နံနံပင်တွေကို ကျတော် ကြိုက်တတ်မှန်း သိလို့ တနေ့စာ တနေ့ အလျဉ် မပြတ်အောင်ဝယ်ပြီး သေချာရေဆေးကာ ဖြတ်တောက်ပြီး ဗူးလေးတွေနှင့် ထည့်ပေးထားသည်။

ဆီတိုဟူး ဘူးလေးတွေနှင့်
ဆာရည်စိမ်ဘူးလေးတွေကိုပါ မြင်ရသည်။

ပန်းသီးဖျော်ရည်၊ငှက်ပျောသီးကြော်တွေကိုလည်း ကြိုက်တတ်တာမို့ အမြဲ မပြတ်အောင် ဝယ်ထားပေးသည်။
ပေါင်မုန့် တွေကိုလည်း တွေ့ရသည်။
ယိုဘူး၊မာဂျရင်းဘူး တွေကိုပါ စီတန်းလျှက် သပ်သပ်ရပ်ရပ်လေး မြင်လိုက်ရသည်။

အကုန်လုံးက ကျတော်ရယ် သားရယ် ကြိုက်တတ်သည့် စားစရာတွေ ချည်းသာ ဖြစ်လို့နေသည်။
ဘာမှ မယ်မယ်ရရ မတွေးမိပါဘဲနှင့်
ရေခဲသေတ္တာကို ပြန်ပိတ်ကာ ထိုင်ခုံတခုံပေါ်၌ ခြေပစ်၊လက်ပစ် ထိုင်ချလိုက်မိလေသည်။

ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားမိရသည်။

တဆက်တည်းမှာပင် သားသား၏မေမေ ရှိစဉ်ကာလ က နေ့ရက်တို့ကို ပြန်ပြီး အမှတ်ရမိသည်။
အပြင်က ပြန်လာတိုင်း ကျတော် ဝင်ပြီးဝယ်လာနေကျ အစားအစာ အားလုံးသည် သားသားနှင့် သူ့အမေ တို့၏ အကြိုက်တွေချည်းသာ ဖြစ်ခဲ့ဖူးလေသည်။

အခုတော့ ရေခဲသေတ္တာလေးကို လှပ်ကြည့်လိုက်ရုံနှင့်ပင် ဘုန်းပြည့်ထည်၏ နှလုံးသားကို လှမ်းမြင်နေရချေပြီ။

လူတယောက်က လူတယောက်ပေါ်ကို ထားသည့် ချစ်ခြင်းမေတ္တာ တရားတွေကို ကျတော် ယုံကြည်ပါသည်။
ကျတော် ကိုယ်တိုင်လည်း လူတယောက်(သားသား၏အမေ)အပေါ်
ထိုသို့ သော မေတ္တာ တရားတွေ ထားခဲ့ဖူးသည် မဟုတ်ပါလား။

အခုတော့ ဘယ်လို လုပ်မလဲ?
မိုးဆွေတေးရေ။
ကိုယ့်ကို ချစ်ခင်တဲ့ ၊မေတ္တာ ထားတဲ့ လူတယောက်ကို ဆုံးရှုံးလိုက်ရပြီလေ။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now