Episode-1

922 75 23
                                    

(Unicode)

ခပ်နွေးနွေးလေးဖြာကျနေသောနေရောင်ခြည်။

ခပ်အေးအေးလေးတိုက်ခက်နေသောလေညှင်း။

ခပ်တိုးတိုးလေးညီးဆိုနေသောကျေးငှက်။

အရာအားလုံးသည် အေးဆေးငြိမ်းချမ်းလျက်သာယာနာပျော်ဖွယ်ပင်။

မနက်ရောက်ပြီဟူသောအသိနှင့်အတူ အိပ်ရာမှဦးစွာနိုးထလာသူကJungwon။ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ​ရှေးဦးပထမ သူမြင်လိုက်ရသည်က ခိုနားအားကိုးချင်စရာရင်ခွင်ကျယ်ကြီး။

အော်...သူမနေ့ညကဦးလေးကြီးအခန်းမှာအိပ်ပျော်သွားတာပဲ။

သူ့ကိုယ်လုံးလေးအားဖက်ထားသော တောင့်တင်းသန်မာသည့်လက်တစုံ မနိုးသွားစေရန်သတိထား၍ အသာခေါင်းမော့ကြည့်လိုက်တော့ ခပ်ချောချောမျက်နှာတခုက နှစ်ခြိုက်စွာအိပ်မောကျလျက် နှုတ်ဆက်နေလေသည်။

တကယ်ကို သူ့ဦးလေးကြီးကအရမ်းချောတာပဲ။

ကြည်နူးဂုဏ်ဆာစိတ်နှင့်အတူ နှုတ်ခမ်းကွဲကွဲလေးအား လှမ်းကာနမ်းလိုက်တော့ ပြန်တုံ့ပြန်လာသည်။

အိပ်သာအိပ်နေသည် ဒါမျိုးဆိုလျှင်တအားတတ်။ JayဟုတမျိုးJongseongဟုတဖန်အမည်ရသော Vampireကြီးသည် Jungwon၏တဦးတည်းသော ကျောက်တုံးကျောက်ခဲကြီးပင်ဖြစ်တော့သည်။ ဘယ်လောက်တွန်းတွန်းမရွေ့လွန်းသောကြောင့် ကြာလျှင်တော့ကျောက်​ဆောင်ကြီးပင်ဖြစ်လာတော့မည်။ ရင်လေးပါသေးတယ်...

ထို့နောက်တွင်တော့ Jungwonအချိန်မဆွဲတော့ပါပဲ အိပ်ရာထဲမှထလာလိုက်တော့သည်။ တအိမ်လုံးသည်တော့တိတ်ဆိတ်ငြိမ်သက်နေဆဲ။ အားလုံးအိပ်နေတုန်းပဲထင်။

ထို့နောက် Jungwonတ​ယောက် အိမ်အပြင်ထွက်၍ ခြေကားယားလက်ကားယားနှင့် အညောင်းအညာဆန့်လိုက်ကာ တနေ့တာကိုအစပြုရန်အားယူလိုက်တော့သည်။ ထိုအချိန်တွင်ပင်

"နိုးလာပြီလားJungwonလေး"

ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် လန့်သွားကာ အသံလာရာကြည့်လိုက်မိတော့ အိမ်ရှိရာလျှောက်လှမ်းလာနေသော အကြီးဆုံးတဖြစ်လဲ vamwolfတယောက်ဖြစ်သူHeeseung။

Eternity(Season-2)Where stories live. Discover now