Episode-12

267 42 5
                                    

(Unicode)

အကောင်ပလောင်အသံလေးများတောင် မကြားရပါသော တိတ်ဆိတ်နေသည့်နေရာတခု။ မယုံကြည်စွာကြည့်နေသော မျက်လုံး၆လုံးအောက် Jungwonနေရခက်စွာ ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။

"ငါမေးတာဖြေဦးလေJungwon။ မင်းသူနဲ့သိနေတာလား"

Jungwonအနောက်တွင်ရပ်နေပါသော တစိမ်းအားကျော်ကြည့်လိုက်ပြီး Sunghoonထပ်မံမေးလိုက်မိပြန်သည်။ Jungwonလည်းအမှန်တကယ်ချွေးပြန်မိသည်၊ ဤအခြေအနေကြီးသည် အထင်လွဲလောက်စရာအခြေအနေဖြစ်နေသည်ကိုး။

"ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အရင်ဆုံးတော့ သူကမကောင်းတဲ့သူမဟုတ်ပါဘူး။ ပြီးတော့ အခုDaeunလေးကိုကယ်ဖို့ ကူညီနိုင်တာသူတယောက်ပဲရှိတယ်"

"အဲ့ဒါဘာကိုပြောတာလဲJungwon။ Daeunကဘာတွေဖြစ်လို့ကယ်ရမှာလဲ"

နားမလည်စွာနှင့်မေးလာသောJake။ ​ခြေလှမ်းတို့သည်လည်း ​ရှေ့တရွေ့ရွေ့တိုးလာသည်။ Jungwonသည်တော့ ဖြေရခက်စွာဟိုဟိုဒီဒီလုပ်နေမိဆဲ။ ထိုအခါ Jungwonလက်အား Jakeဖမ်းဆွဲဆုတ်ကိုင်လိုက်ပါသည်။

"Jungwon၊ hyungကိုသေချာ​ပြောဦးလေ။ Daeunကဘာဖြစ်နေလို့လဲ"

Jungwonအားစူးစိုက်ကြည့်၍ Jakeထပ်မံမေးလိုက်မိပြန်သည်။ ဘယ်လိုမှရှောင်လွှဲ၍မရမှန်း သိလိုက်လေတော့ Jungwonသက်ပြင်းတချချက်၍သာ အားယူလိုက်ပါသည်။

"အခုဒီအိမ်မှာ Daeunလေးမရှိတော့ဘူး။ Ni-Kiနဲ့Heeseung hyungက သူ့ကိုခေါ်သွားပြီ။ အဓိကကတော့ Heeseung hyung။ သူကDaeunလေးကို နတ်ဘုရားအဖြစ်ပြောင်းလဲဖို့ကြိုးစားနေတာ"

"နတ်ဘုရား...မဖြစ်နိုင်တာ။ မင်းhyungကိုလာနောက်နေတာလားJungwon"

Jakeလက်မခံနိုင်စွာပင် အသက်မပါပါပဲရီ၍ပြောလိုက်သော်ငြား Jungwonလိုက်မရီမိ။ Jakeကိုသာပြန်၍စူးစိူက်ကြည့်ပေးလိုက်မိသည်။ ထိုအခါ ရီနေရာမှရပ်သွားသောJake။ အနောက်မှSunghoonသည်လည်း လက်ခံရခက်နေသည်ထင်၊ ဘာမှပြန်တုံ့ပြန်မလာခဲ့။ Jayသည်လည်းထိုနည်းလည်းကောင်းပင်။

"Heeseung hyungနဲ့အတူ Ni-Kiပါပါသွားတယ်လို့မင်းပြောတယ်နော်"

Jakeမှအမေးရှိလာလေတော့ Jungwonလည်းခေါင်းငြိမ့်ပြလိုက်ပါသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် Jakeနေရာမှပျောက်သွားတော့သည်။ ထို့အခါ အားလုံးသဘောပေါက်သွားသည်ကာ သူတို့အားလုံးSunooအခန်းရှိရာ လိုက်သွားရမည်ဟု။

Eternity(Season-2)Where stories live. Discover now