Episode-11

290 41 6
                                    

(Unicode)

"သေချာလို့လားJungwon"

အချိန်အတိုင်းတာတခုထိတိတ်ဆိတ်နေသော လျှောက်လမ်းတွင် အတန်ကြာပြီးလေမှထွက်ပေါ်လာသောမေးခွန်းတခု။ မယုံကြည်ခြင်း၊ မယုံနိုင်ခြင်းများစွာနှင့်။ မေးခွန်းမေးလာသူကတော့Jay။

"သေချာတယ်ဦးလေးကြီး"

မေးသူကမေးလာလေတော့ Jungwonလည်းပြန်ဖြေမိသည်။

"ကျွန်တော်အဲ့ကောင်လေးကို စမြင်လိုက်လိုက်ချင်း သူ့မျက်နှာမှာWonwonကိုတွေ့လိုက်ရတာပဲ။ ဒါပင်မဲ့ ခဏလေးပဲ၊ ချက်ချင်းပြန်ပျောက်သွားတယ်။ Jake hyungလန့်သွားမှာစိုးလို့ ဘာမှမပြောလိုက်ပင်မဲ့ Wonwonဆိုတာတော့​သေချာတယ်"

Jungwonတွေးဆရင်းပင်ပြောလာလေတော့ Jayလည်းမယုံ၍မဖြစ်တော့။

"Heeseung hyungကလည်း အဲ့ကောင်လေးကိုစိတ်ဝင်စားနေတာဆိုတော့ အဲ့ကောင်လေးကWonwonဝင်စားတဲ့သူများ ဖြစ်နေမလား"

"ဒါပင်မဲ့ အဲ့လိုပြောရအောင်ကလည်း Wonwonရဲ့အနံ့ကိုသူ့ဆီကမရဘူး။ အဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်"

"ဒါပင်မဲ့ အဲ့ကောင်လေးဆီမှာ Wonwonကိုတွေ့လိုက်ရတယ်ဆိုရင် သူနဲ့Wonwonနဲ့ကပတ်သက်မှုတော့ရှိရမယ်လေ။ ပတ်သက်မှုဆိုတာကလည်း သေပြီးသားWonwonဝင်စားတာမဟုတ်ဘူးဆိုရင် အခြားဘာရှိသေးလို့လဲ"

"Wonwonရဲ့ဝိဉာဥ်ပူးကပ်တာ"

ဒီတခါတော့ အသံပိုင်ရှင်သည်သူတို့နှစ်ယောက်လုံးမဟုတ်ခဲ့၊ တတိယမြောက်သူပင်။ JayရောJungwonပါ အသံလာရာလှည့်ကြည့်လိုက်လေတော့ သူတို့တွေ့လိုက်ရသည်က သူတို့နှင့်မလှမ်းမကမ်းတွင်ရပ်နေပါသောSunghoon။

"Sunghoon"

Jayခေါ်လိုက်မိတော့ တချက်လှမ်းကြည့်၍ Sunghoonအနားလျှောက်လာပါသည်။

"ခုနမင်းပြောတာ ဘာအဓိပ္ပါယ်လဲ၊ အဲ့ကောင်လေးကို Wonwonဝိဉာဥ်ပူးကပ်တယ်ဆိုတာ"

"အဲ့အဓိပ္ပါယ်ပဲလေ"

Jayအမေးအား မထုံတတ်တေးနှင့်ပြန်ဖြေလာပါသောSunghoon။ JayရောJungwonပါ ကြောင်အစွာကြည့်နေမိသည်။ ထိုအခါမှ သက်ပြင်းတချက်ချ၍ Sunghoonရှင်းပြလာပါသည်။

Eternity(Season-2)Where stories live. Discover now