Episode-25

307 41 6
                                    

(Unicode)

မီးရောင်မှိန်မှိန်သာရှိသောအခန်းထဲ။ Heeseungထိုင်ခုံတွင်ကြိုးတို့နှင့် ချည်နှောင်ခံထားရလျက် Ethanခေါင်းဆီမှသွေးတို့စီးကျလာနေသည်အား သူမြင်နေရပါသည်။

"ဒီလူတခုခုမူမမှန်ဘူးထင်နေတာ တကယ်ဟုတ်နေတာပဲ။ ငါ့အစီစဥ်တွေကိုဖျက်ဖို့နဲနဲပဲလိုတော့တယ်"

Ethanအားကြည့်၍ Wonwonသွေးအေးစွာပင်ရေရွတ်လာပါသည်။ Ethan၏လွှတ်ပေးမည်ဟူသောစကားကိုသာကြားခဲ့သောWonwonသည် သူရိုက်လိုက်သောသူသည် သူ့အားစောင့်ရှောက်ခဲ့သောအကိုဖြစ်ကြောင်းမသိခဲ့။

"မင်း...မင်းဘာလုပ်လိုက်တာလဲWonwon!!!"

Heeseung​ခြောက်ခြားစွာပင် ဒေါသတကြီးအော်မိတော့သည်။

"ကျွန်တော့်အစီစဥ်မှာလာရှုပ်နေလို့တားလိုက်တာလေ"

"မင်း...မင်းရူးနေလား။ ဒီလူက...ဒီလူက..."

Heeseung​ကြေကွဲစွာပင်ပြောရန်ပြင်လိုက်သော်ငြား ရုတ်တရက်သူ့​ခြေထောက်အားလာထိသော အထိတွေ့တခုကြောင့် ပြောစကားတို့ရပ်သွားရသည်။ ထိုအခါ မျက်မှောင်ကြုံ့ကြည့်လာသောWonwon။

"Hyungဘာပြောမလို့လဲ။ ပြောစရာရှိလည်းနောက်မှ​ပြော။ လောလောဆယ်ဒီလူကိုရှင်းဖို့လုပ်ရမယ်"

ပြောပြောဆိုဆိုပင် Wonwonတယောက်အခန်းထဲမှလှည့်ထွက်သွားပါတော့သည်။ Heeseungလည်းWonwonထွက်သွားလေမှ အောက်သို့ငုံ့ကြည့်လိုက်ရာ သူ့​ခြေထောက်အားလာထိသည်မှာ Ethan၏လက်ဖြစ်ကြောင်း သိသွားပါသည်။

"Hyung..."

"Wonwonကို...hyung...ဘယ်သူဆိုတာ...မပြောနဲ့..."

"Hyungဘာတွေပြောနေတာလဲ။ သူဘာလုပ်လိုက်သလဲသူသိသင့်တယ်လေ"

Heeseungမျက်ရည်များကြားမှ ပြန်အော်မိသည်။
သွေးအိုင်ထဲလဲရင်း စကားတို့အားယူပြောနေပါသောEthanသည် အပြုံးယဲ့ယဲ့လေးနှင့်။

"​ပြောလိုက်ရင်...သူစိတ်ထိခိုက်...သွားလိမ့်မယ်"

"Hyung!!!"

Heeseungအားမလိုအားမရစွာအော်မိတော့သည်။ ခန္ဓာကိုယ်တွင်ချည်ထားသည်များမှလွတ်ရန်ရုန်းသော်လည်း ကြိုးတို့ကရုန်းမရ။

Eternity(Season-2)Where stories live. Discover now