Episode-23

295 37 10
                                    

(Unicode)

"Daeunလေး...သမီးလေး"

တုန့်ပြန်ခြင်းမရှိ၊ လှုပ်ရှားခြင်းမရှိပါသောသမီးငယ်အား Jakeလက်မလျှော့တမ်း တတွတ်တွတ်ခေါ်နေမိသည်။ သူ့ခေါ်သံကြားလျှင် သိပ်လိမ္မာသောသူ့သမီးလေးသူ့ဆီပြန်လာမှာပါ။

"Princessလေး...သမီးငယ်"

Sunghoonသည်လည်း Daeunလက်ကလေးအားဆုတ်ကိုင်ထားကာ အသာလှုပ်၍ခေါ်နေမိသည်။ သူ့သမီးလေးကသူတို့ကိုသိပ်ချစ်တာမို့ သူတို့ဆီပြန်လာမှာပါ။

အနားရှိကျန်သူများမှာလည်း လက်မလျှော့တမ်းပင် Daeunလေးအားစကားတို့ပြော၍ အဆက်မပြတ်ခေါ်နေမိသည်။ သူတို့တူမလေးအားလက်လွှတ်ရန်မှာ ဘယ်နည်းနှင့်မှမဖြစ်နိုင်ပေ။

ထိုသို့ အားလုံး၏နှလုံးသားနှင့်ရင်း၍ အပြင်မှခေါ်နေမှုကြောင့်ရော သူတို့စိတ်အားအလုံးစုံနားလည်သည့်Ethanမှ အတွင်းမှတွန်းပေးမှုကြောင့်ပါ...

"Pa...Papa..."

အားလုံးကြားတိုးလျစွာထွက်ပေါ်လာသောအသံလေး။ အားလုံးတိတ်သွားကာ ငုံ့ကြည့်လိုက်လေတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်Daeunလေးမှာ သူတို့အားလုံးအားကြည့်နေရှာသည်။

"သမီးလေး"

"Daeunလေး"

Jakeချက်ချင်းဆိုသလိုပင် Daeunလေးအားဆွဲထူ၍ ရင်ခွင်ထဲတင်းကြပ်စွာပွေ့ဖက်မိတော့သည်။ Sunghoonသည်လည်း DaeunလေးကိုရောJakeကိုပါ အပေါ်မှအုပ်မိုး၍ပွေ့ဖက်လာပါသည်။

တော်ပါသေးတယ်...တကယ်တော်ပါသေးတယ်...။

"သမီးလေးရယ်..."

အားလုံးပျော်ရွှင်ဝမ်းသာမှုကြောင့် မျက်ရည်မဆည်နိုင်ဖြစ်မိတော့သည်။ Daeunလေးသူတို့ဆီပြန်လာပေးသည့်အတွက် ပျော်ရွှင်မှုတို့ကဖော်ပြ၍မရနိုင်အောင်ပင်။

"တကယ်အလုပ်ဖြစ်သားပဲ"

အားလုံး၏အနောက်တနေရာမှအသံထွက်ပေါ်လာသောကြောင့် သူတို့အားလုံးDaeunလေးအားကာကွယ်ထားရင်း လှည့်ကြည့်လိုက်ကြသည်။ အသံပိုင်ရှင်သည်ကတော့ အပြိုင်ကမ္ဘာမှSunghoon။

"စွမ်းအားတွေလည်းပိုင်သွားပြီ၊ စိတ်လည်းပြန်ကောင်းသွားပြီဆိုတော့ သူ့ကိုအခုနတ်ဘုရားလို့ခေါ်ရင်တောင်ရပြီပဲ။ အဲ့ကောင်မလေးကိုငါ့ကိုပေး"

Eternity(Season-2)Where stories live. Discover now