Episode-18

301 44 13
                                    

(Unicode)

တရွေ့ရွေ့စီးဆင်းနေသောအချိန်စီးကြောင်း။

အရှိန်နှင့်အတူလိုက်ပါနေသောအုပ်စုတခု။

မြင်လိုက်ရသည်ကခဏလေးသာ။ သို့သော် သူတို့နှလုံးသားထဲတွင်တော့ ကြာရှည်စွာစွဲမြဲသွားလေပြီ။

အသက်ရှင်နေထိုင်နေခဲ့သည်မှာ နှစ်ပေါင်းရာချီရှိနေလေတော့ တော်တော်နှင့်လည်းမတုန်လှုပ်တော့။ ကြုံခဲ့ဆုံခဲ့ရသည်ကလည်း အများသားကိုး။

သို့သော် အခုတွင်တော့ ထိုမတုန်လှုပ်တတ်သောသူတို့...

"မင်းတို့...ငိုနေတာလား..."

အပြိုင်ကမ္ဘာမှHeeseung ဘေးနားရှိတိတ်ဆိတ်မှုကြောင့် သင်္ကါမကင်းဖြစ်ကာလှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက သူ့အားဆွံ့အသွားစေသည်။ သူမှလွဲ၍ ကျန်သူများအားလုံး မျက်ရည်များတွင်တွင်စီးကျနေသည်ကိုး။ ရှိုက်ကြီးတငင်ငိုနေသည်လည်းမဟုတ်ပါပဲနှင့် မျက်ရည်များကအလိုလိုမရပ်မနားတတွင်တွင် စီးကျနေဟန်နှင့်။

သူအသံထွက်မေးလိုက်လေတော့မှ သတိဝင်လာဟန် မျက်ရည်များအားသုတ်လာကြသည်။ သို့သော် Jakeသည်တော့မျက်ရည်များသုတ်ရင်းပင် မထိန်းနိုင်ဟန်ထပ်မံငိုကြွေးလာတော့သည်။

"Ethan hyung...Ethan hyung"

နှစ်ပေါင်းရာချီကြာပြီးလေမှ မရှိတော့သောသူအားတနေသည်မှာ အဓိပ္ပါယ်မရှိမှန်းသိသော်ငြား ရင်ထဲမှနာကျင်မှုသည်တော့ မခံမရပ်နိုင်အောင်ပင်။ သူတို့အားအရာအားလုံးထက် ပို၍ချစ်ခဲ့သော၊ပို၍တန်ဖိုးထားခဲ့သောသူကိုမှ မေ့သွားခဲ့သည်ဆိုတော့ ဒီကမ္ဘာတွင်သူတို့လောက်ဆိုးသည့်သူရှိပါဦးမည်လား။ သူတို့အပေါ်အကိုတယောက်အနေနှင့် အဘက်ဘက်မှတာဝန်ကျေခဲ့သောEthanအပေါ် သူတို့ပြန်၍ကျေးဇူးမဆပ်နိုင်သည့်အပြင် ကျေးဇူးကန်းသလိုပင်ဖြစ်နေလေပြီ။

Sunghoonမျက်ရည်များအားထိန်းလိုက်ရင်း Jakeဘေးသွားကာဖက်ထားပေးတော့ Jakeသည်လည်းSunghoonရင်ခွင်ထဲဝင်၍ ငိုနေပြန်သည်။ Sunooနှင့်Minjaeတဖြစ်လဲWonwonလည်း ထိုနည်းတူစွာပင်။

သူတို့ခံစားနေရသည်အား သဘောပေါက်လိုက်လေတော့ အပြိုင်ကမ္ဘာမှHeeseung ဘာမှဆက်မပြောပါပဲအချိန်ပေးထားလိုက်သည်။

Eternity(Season-2)Where stories live. Discover now