Episode-10

308 39 48
                                    

(Unicode)

"ဟင်း..."

မျက်စိရှေ့တဆုံးငေးကြည့်ရင်း သက်ပြင်းတချက်ချလိုက်မိသောJungwon။ ခေါင်းထဲရှုပ်ထွေးမှုများသည် ဤသက်ပြင်းနှင့်အတူပါသွားလျှင် မည်မျှကောင်းလိမ့်မည်နည်း။ လက်တွေ့တွင်တော့မဖြစ်နိုင်ပေ။ အခြားသူများမရှိသည့် တိတ်ဆိတ်သည့်နေရာလေးတွင်ထိုင်နေပါလျက် သူ့ရင်ထဲတွင်အေးချမ်းမသွား၊ ပူလောင်မြဲပူလောင်ဆဲပင်။

Daeunဆီမှသိချင်သောအဖြေအားရခဲ့သော်ငြား ထိုအဖြေသည်ပင် မေးခွန်းများပို၍ထွက်စေခဲ့ပြီး ပို၍ပင်ရှုပ်ထွေးစေခဲ့သည်။ ဤပြသနာများရှင်း၍တောင်ရပါဦးမည်လား။

"အဲ့လောက်ရှုပ်ထွေးနေလို့လား"

ရုတ်တရက် သစ်ပင်ပေါ်မှ ကြားလိုက်ရသောအသံကြောင့်Jungwonလန့်သွားမိကာ မတ်တပ်ရပ်လိုက်၍ မော့ကြည့်လိုက်မိသည်။ သစ်ပင်ပေါ်တွင်ထိုင်နေသူက ခေါင်းစွတ်နှင့်တစိမ်း။ ပုံစံတူနှစ်ယောက်ရှိလေတော့ ဘယ်တယောက်မှန်းချက်ချင်းမသိနိုင်သော်ငြား ထိုတစိမ်းနားဝဲပျံနေသောလိပ်ပြာများကြောင့် သူနှင့်တွေ့ဆုံခဲ့သည့်သူမှန်း Jungwonသဘောပေါက်လိုက်ပါသည်။

ထိုသို့သဘောပေါက်လိုက်သည်နှင့် Jungwonဘာမှမတုံ့ပြန်တော့ပါပဲ နေရာတွင်သာပြန်ထိုင်လိုက်တော့သည်။ အနည်းဆုံးတော့ ထိုသူသည်သူ့အားအန္တာရာယ်ပြုမည့်သူမဟုတ်မှန်း သူသိနေသည်ကိုး။

"ငါ့ကိုတွေ့တာတောင်မလန့်တော့ဘူးပဲ"

လိပ်ပြာလေးများကြားမှ ပြောလာသောထိုတစိမ်း။ Jungwonရွဲ့ပြုံးလေးသာ ပြုံးမိတော့သည်။

"လန့်စရာတွေကများလွန်းလို့ မင်းကနံပါတ်စဥ်နောက်ရောက်သွားပြီ"

ထိုအခါ Jungwonအပြောအား သဘောကျစွာရီလာပါသောထိုသူ။

"အဲ့တော့ မင်းကိုယ်မင်းဘာလဲဆိုတာ သိပြီးပြီမဟုတ်လား"

"အဲ့ဒါကိုမင်းကဘယ်လိုလုပ်သိတာလဲ"

"ဘယ်လိုထင်လဲ"

"ငါ့ပါငါတောင်မေးခွန်းတွေများလွန်းလို့ ကျေးဇူးပြုပြီး မေးခွန်းတွေထပ်မပေးစမ်းပါနဲ့ကွာ"

Eternity(Season-2)Where stories live. Discover now