Episode-15

308 43 6
                                    

(Unicode)

"တကယ်ကြီးလား"

မျက်စိရှေ့ရှိအရာအား Sunghoonမကြည်ကြည့်ကြည့်ကာမေးလိုက်မိသည်။

"ခုနကပဲမင်းငါတို့ကိုတိုက်ပေါ်ကခုန်ချခိုင်းတယ်။ အခုလည်းရေထဲထပ်ခုန်ချရဦးမှာလား"

ရေကန်ပေါ်ဖြတ်၍တိုက်ခက်လာသောလေအေးအေးလေးက မျက်နှာပေါ်အေးမြစွာဖြတ်၍တိုက်ခက်သွားသော်ငြား ရင်ထဲတွင်တော့မအေးနိုင်။

"ငါမင်းတို့ဆီလာတော့ ဒီထဲကတက်လာတာပဲ။ အခုလည်းဒီထဲကနေပြန်ရမှာပဲလေ"

"ဒါပင်မဲ့ မင်းပြောနေတာရေကွရေ"

Sunghoonမကျေနပ်စွာ ထပ်မံငြင်းလိုက်တော့ အနားရှိကျန်သူများ၏အကြည့်တို့သည် Sunghoonဆီအလိုလျောက် စုပြုံသွားကြတော့သည်။

"Sunghoonမဟုတ်မှလွဲရော မင်းရေကြောက်တာလား"

Jakeမျက်စိလေးမှေးကြည့်လိုက်ရင်း သံသဃမကင်းစွာမေးလိုက်လေတော့ ကိုယ်လေးတချက်တုန်သွားပါသောSunghoon။

"ကြောက်...ကြောက်စရာလား။ ကိုယ်ကဘာလို့ကြောက်ရမှာလဲ...ဟားဟား...မကြောက်ပါဘူး"

ဟန်လုပ်ရီရင်းငြင်းချက်ထုတ်လာသောSunghoonသည် နဖူးတွင်ချွေးသီးလေးများစို့လို့။ Jakeတို့အားလုံးသဘောပေါက်လိုက်ကာ မျက်နှာများသည်လည်း ပြုံးစိစိဖြစ်သွားရသည်။

"ဘာမှမဖြစ်ပါဘူးhyungရ...ခဏတင်ရောက်သွားမှာပါ"

အနီးဆုံးတွင်ရှိနေသော Minjaeတဖြစ်လဲWonwonမှ Sunghoonကျောပြင်လေးအားပုတ်ကာ အားပေးစကားဆိုလိုက်လေတော့ Sunghoonရှက်စိတ်ကြောင့် နားရွက်လေးများပါ ရဲတက်လာရတော့သည်။

"ငါမကြောက်...မကြောက်ပါဘူးလို့ပြောနေတယ်လေ။ ငါကဘာလို့ကြောက်ရမှာလဲ"

Sunghoonပိုငြင်းလေ အားလုံးပို၍ပြုံးစိစိဖြစ်လေ Sunghoonမျက်နှာပို၍ရဲပတောင်းခက်လာလေပင်။

"စိတ်မပူပါနဲ့။ ဒီခရီးကမင်းတို့အတွက် အတွေ့ကြုံအသစ်တွေရလာစေမှာပါ။ မင်းတို့စိတ်ဝင်စားမှာသေချာတယ်"

အပြိုင်ကမ္ဘာမှHeeseungက အာပေးရင်းယုံကြည်ချက်ပြည့်စွာဆိုလိုက်တော့ အားလုံးလည်းသိချင်သွားကြသည်။

Eternity(Season-2)Where stories live. Discover now