Episode-8

310 42 31
                                    

(Unicode)

တစ်စက္ကန့်...နှစ်စက္ကန့်...သုံးစက္ကန့်

အချိန်တရွေ့ရွေ့ကုန်သွားသည့်တိုင် နေရာတွင်မပြောင်းလဲပါပဲ ငြိမ်သက်နေမိသူကNi-Ki။ မျက်စိရှေ့မှမြင်ကွင်းအား မမှိတ်မသုန်စိုက်ကြည့်နေမိဆဲ။

"ဒါအပေးအယူလေ"

သူတို့လုပ်နေသော သွေးသောက်ခြင်း​ပြီးသွားသည်နှင့် ထိုတစိမ်းလည်းအနားမှခွာသွားကာ Heeseungလည်းစကားစလာပါသည်။

"Hyungကသူ့ကိုသွေးပေးတယ်၊ သူကhyungကိုပြန်ကူညီပေးတယ်"

"ဘာလို့...လူသွေးမဟုတ်ပဲ..."

ကြောင်အမှုကြောင့် Ni-Kiစကားတို့သည်လည်း တဝက်တပျက်သာ။

"Hyungတို့သွေးက လူသွေးထက်ပိုပြီးအရသာရှိလို့လေ"

Heeseungသည်တော့ သာမန်မထူးဆန်းသောမေးခွန်းအားဖြေနေသည့်အလား အေးအေးသက်သာသာ။ Ni-Kiခေါင်းတချက်ခါရမ်းလိုက်၍ စိတ်ကိုသေချာပြန်စုစည်းလိုက်သည်။ ဒီလိုအချိန်ဖြစ်လေ သူစိတ်ကိုပိုစုစည်းရမည်လေ။

"သူ့ဆီကအကူညီယူရလောက်တဲ့အထိ hyungဘာတွေလုပ်နေတာလဲ"

Ni-Kiမေးလိုက်တော့ တချက်ပြုံးလိုက်သောHeeseung။ ထို့နောက် သူ့ခြေလှမ်းတို့အားစတင်လှမ်းလိုက်ပြီး အရိပ်အောက်မှနေ၍ နေရောင်ထဲသို့လက်တဖက်ထုတ်လိုက်သည်။ ထို့နောက် သူ့လက်အားစိုက်ကြည့်၍ စကားစလာပါသည်။

"Hyungကvamwolfတယောက်။ Vampireတွေလို လုံးဝနေထိမခံနိုင်တာမျိုးမဟုတ်ပင်မဲ့ နေရောင်ထဲအကြာကြီးလည်းနေလို့မရဘူး။ အကြာကြီးနေလိုက်ရင်..."

သူပြောနေစဥ်တွင်ပဲ နေရောင်ထဲရှိလက်တွင် မီးလောင်ကွက်လေးများထလာကာ တဖြည်းဖြည်းလောင်ကျွမ်းလာတော့သည်။ Ni-Kiတားရန်ပြင်လိုက်စဥ်တွင်ပဲ Heeseungလည်းသူ့လက်အားပြန်ရုတ်လိုက်ပါသည်။ ထို့နောက် မီးလောင်ဒဏ်ရာတချို့နှင့်လက်အား Ni-Kiအားထောင်ပြလာသည်။

"...ဒီလိုဖြစ်သွားတယ်"

Heeseungဆိုလိုချင်သည်အား Ni-Kiသဘောမပေါက်သေး။ ထိုအကြောင်းအားသူလည်းသိပြီးသားပဲလေ။

"Ni-Kiလေးနဲ့Sunghoonလေးအတွက် နေရောင်ကကြောက်စရာမဟုတ်တော့ ပုန်းကွယ်စရာမလိုပင်မဲ့ hyungတို့အတွက်လိုတုန်းပဲ"

Eternity(Season-2)Where stories live. Discover now