Episode-4

350 43 11
                                    

(Unicode)

"ဒါဘယ်လိုဖြစ်ရတာလဲ" "ဒါဘယ်လိုဖြစ်ရတာလဲ"

တူညီသောမေးခွန်းတို့က တပြိုင်တည်းထွက်လာကြသည်။ အသံပိုင်ရှင်ကJayနှင့်Jake။

Jayတို့အိမ်ပြန်လာချိန်တွင် အိမ်ရှေ့ရှိသစ်ပင်ကြီးမှာအစိတ်စိတ်အမွှာမွှာကြေလျက်၊ ပန်းအိုးများလည်းကွဲကာ Sunooသည်လည်းဒဏ်ရာများနှင့်။ ဤကဲ့သို့ဖြစ်နေမည်မှန်း Jayမထင်ခဲ့။

တဖက်တွင်လည်း Jayနှင့်Jungwonတို့အိမ်ပြန်လာရာ၌ Jungwonသည်အားအင်ချည့်နဲ့နေဟန်ဖြစ်နေကာ Jayမှပွေ့ချီလာရသည်အားတွေ့လိုက်ရတော့ Jakeတို့အံ့သြမိသည်။ သူတို့ဤကဲ့သို့ပြန်လာမည်မှန်း Jakeတို့ထင်မထား။

ဒဏ်ရာရထားပါသောSunoo၊ အားအင်ကုန်ခမ်းနေသောJungwon၊ ထိတ်လန့်သွားပါသောDaeunတို့အား အခန်းတခုထဲ၌နားစေပြီးနောက် ကျန်သူများမှာဧည့်ခန်းထဲ၌အလိုလိုစုမိကြသည်။ ဖြစ်နေသည်များအား ရှင်းရမည်မဟုတ်လား။

"ဒါဘယ်လိုဖြစ်ရတာလဲ။ အိမ်မှာတခုခုဖြစ်ခဲ့လို့လား"

Jayအမေးအား Jakeသည်ပဲအကြောင်းစုံရှင်းပြလိုက်ပါသည်။ Jakeပြောပြသည်များအားနားထောင်ပြီးနောက် Jayမျက်ခုံးတို့အလိုလိုတွန့်ချိုးမိသည်။

"ဒါဆိုလူကတယောက်တည်းမဟုတ်ပဲ နှစ်ယောက်တောင်ရှိနေတာလား"

Jay၏တီးတိုးရေရွတ်သံအား ကြားလိုက်ရလေတော့ Jayတို့တခုခုဖုံးကွယ်ထားမှန်း Jakeအလိုလိုနားလည်လိုက်ပါသည်။

"Jayမင်းတို့ဘာဖြစ်ခဲ့ကြတာလဲ။ ပြီးတော့ တနေကုန်လည်းပျောက်နေတယ်။ မင်းနဲ့Jungwonတခုခုဖုံးကွယ်ထားတာလား"

အခြေနေများဤကဲ့သို့ဖြစ်နေလေတော့ မပြောပဲနေလို့မရတော့ဟု Jayသဘောပေါက်လိုက်ကာ Daeunလေးတစိမ်းတယောက်အားတွေ့ဆုံခဲ့သည်မှစ၍ ​ပြောပြလိုက်ပါသည်။

Jayစကားအဆုံး၌ ဘေးမှထိုင်နားထောင်နေသောSunghoonသည် ထလာကာJayအင်္ကျီကော်လံစအား ဒေါသတကြီးဆွဲကိုင်လာတော့သည်။

"ငါ့သမီးက အဲ့လိုမျိုးကြုံခဲ့တာတောင် မင်းတို့ကငါတို့ကိုပြောမပြခဲ့ဘူးပေါ့ဟုတ်လား။ ငါ့သမီးတခုခုဖြစ်သွားရင် မင်းတာဝန်ယူမှာလား"

Eternity(Season-2)Where stories live. Discover now