Episode-21

314 43 21
                                    

(Unicode)

"Daeun..."

မမြင်ရသောသမီးငယ်အား လှမ်းမျှော်ကြည့်လိုက်ရင်း Jakeရေရွတ်လိုက်မိသည်။ အားလုံးသည်လည်း သူနှင့်အတူDaeunရှိရာသို့ လှမ်းမျှော်ကြည့်ရင်းပူပင်နေဟန်ပင်။

"အစီစဥ်အောင်မြင်သွားပြီဆိုတော့ Daeunလေးကဘယ်လိုဖြစ်သွားမှာလဲ"

Sunooအနောက်နားဆီမှMinjaeတဖြစ်လဲWonwonအား တွဲပေးထားရင်း ပူပန်စွာမေးမိသော်ငြား အဖြေကတော့မည်သူ့ဆီကမှထွက်မလာခဲ့။

သူတို့ကြည့်နေစဥ်တွင်ပဲ စင်ပေါ်ရှိအုတ်ခုံပေါ်တွင်လဲလျောင်းနေရာမှ Daeunလေးထထိုင်လာသည်ကို အားလုံးမြင်လိုက်ရသည်။

"Daeun...သမီးလေး..."

"Princessလေး"

JakeရောSunghoonပါ Daeunလေးအားအလောတကြီးခေါ်လိုက်မိတော့သည်။ သို့သော် Daeunလေးသည် ဘာစကားမှလည်းပြောမလာသကဲ့သို့ သူတို့ရှိရာလည်းလှည့်ကြည့်မလာပေ။

"အလကားပဲ... မင်းတို့ခေါ်တာကိုသူကြားနိုင်မှာမဟုတ်ဘူး"

သူတို့ရှိရာလှမ်းကြည့်၍ သက်​ပြင်းချသံတဝက်နှင့်ပြောလာပါသော အပြိုင်ကမ္ဘာမှSunghoonကြောင့် အားလုံးပူပန်မိသွားသည်။

"ဘယ်လိုဖြစ်လို့..."

"သူကအသိစိတ်မဲ့နေပြီမို့လေ"

"ဘာ!!!"

Sunghoonဒေါသတကြီးအော်လိုက်မိသည်အား အပြိုင်ကမ္ဘာမှSunghoonသည်တော့ ကြောက်ရွံ့ဟန်လုပ်ပြ၍ပြောင်နေပြန်သည်။

"အခု​မင်းတို့သမီးမှာအရမ်းများလွန်းတဲ့စွမ်းအင်တွေရှိနေပြီ။ Vampireနဲ့werewolfကမွေးတဲ့ vamwolfစစ်စစ်တယောက်ဖြစ်တဲ့အတွက်သာ သူ့ခန္ဓာကိုယ်ကအဲ့စွမ်းအားတွေကို လက်ခံနိုင်နေတာ။ ဒါပင်မဲ့ အဲ့ဒါကခန္ဓာကိုယ်ပဲလေ၊ သူ့စိတ်ကတော့ကလေးပဲရှိသေးတာကို။ ဒီတော့ လေထိုးတာများလွန်းသွားရင် ပေါက်သွားတတ်တဲ့ပူဖောင်းလေးလိုမျိုး သူ့စိတ်ကလည်း...ဖောင်း"

လက်ဟန်ခြေဟန်လုပ်၍ပြောနေသောအပြိုင်ကမ္ဘာမှSunghoon၏အပြောတို့သည် သူတို့အတွက်တော့ သတင်းကောင်းမဟုတ်ခဲ့။

"ဘယ်လိုပဲပြောပြော သူတော့အဆင်ပြေမှာပဲထင်ခဲ့တာကို ငါတွက်တာမှားသွားပုံပဲ။ နှမြောစရာ"

Eternity(Season-2)Where stories live. Discover now