Episode-5

325 43 10
                                    

(Unicode)

"ဒီနေရာကအကျယ်ကြီးပဲ...အရမ်းမိုက်တာပဲ"

လျှောက်လမ်းတလျှောက်ပြေးဆော့ရင်း သဘောကျစွာရီနေသောDaeun။ အခုမှစရောက်ဖူးပါသော vampireအိမ်၏ ရှည်လျားကျယ်ဝန်းလှသောလျှောက်လမ်းအား နှစ်သက်သဘောကျနေဟန်ပင်။

Daeunလေးအနောက်မှလိုက်လာသော Jakeနှင့်Sunghoonသည်တော့ ဖြေးဖြေးမှန်မှန်သာလမ်းလျှောက်လာကြသည်။ တယောက်နှင့်တယောက်လည်း ဘာစကားမှမဆိုမိ။ ဖြစ်နေသောအခြေအနေ၊ အကြောင်းရာများကိုသာ တိတ်တဆိတ်စဥ်းစားနေမိကြတော့သည်။

"Daddy!! Papa!! ဒီမှာအရုပ်လေး"

ရှေ့မှသွားနေရင်းမှ ဝမ်းသာအားရအော်ပြောလာသောDaeunလေးကြောင့် နှစ်ယောက်လုံးအနားသွားကြည့်မိလိုက်ကြသည်။ နံရံအားမှီလျက်ရှိနေပါသော Teddy bearအရုပ်လေး။

"Wonwonအရုပ်လေးပဲ။ ဖြစ်ပျက်ခဲ့တာတွေအများကြီးဆိုတော့ သူ့ကိုယူဖို့ကိုသတိမရဖြစ်သွားတာပဲ"

"ငါတို့ဒီအိမ်ကထွက်သွားတုန်းက ဒီအရုပ်ကိုဒီနေရာမှာဒီတိုင်းထားခဲ့တာလား"

Jake၏အံ့သြဟန်အမေးတို့အား Sunghoonပခုံးတွန့်ပြခြင်းဖြင့်သာ ပြန်ဖြေလိုက်မိသည်။ သူသည်လည်းဤအိမ်အားလာလေ့မရှိဆိုတော့ သိမှမသိပဲ။

သူတို့နှစ်ယောက် အတွေးများနေစဥ်တွင်ပဲ Daeunလေးသည်တော့ Teddy bearအရုပ်လေးအားကောက်ယူ၍ ဖုန်လေးများသုတ်ပေးနေလေသည်။ ထိုစဥ်တွင်ပဲ Teddy bearအရုပ်လေး၏ လည်ပင်းတွင်ရှိနေသော ပြောင်လက်လက်ဖဲ​ပြားလေးအား သတိထားမိသွားသည်။

Daeunလည်း ထိုဖဲပြားလေးအားသေချာပွတ်သပ်ပေးလိုက်လေတော့ ထိုပေါ်တွင်စာလုံးတချို့ရှိနေကြောင်း သတိထားလိုက်မိသည်။ သေချာဖတ်ကြည့်လိုက်လေတော့...

"Ethan"

ရုတ်တရက် Daeunလေးဆီမှအသံလေးထွက်လာလေသောအခါ Sunghoonနှင့်Jakeတို့၏အာရုံသည် Daeunလေးဆီပြန်ရောက်သွားလေတော့သည်။

"ဘာပြောလိုက်တာလဲPrincessလေး"

Sunghoonမေးလိုက်လေတော့ အရုပ်လေးအားထောင်ပြလာသောDaeun။

"ဒီမယ်လေDaddy...အရုပ်လေးရဲ့ဖဲပြားလေးမှာ နာမည်လေးတခုရေးထားတယ်။ ဒီအရုပ်လေးရဲ့ပိုင်ရှင်လားမသိဘူးနော်"

Eternity(Season-2)Where stories live. Discover now